Language:

မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများကို ကာကွယ်ရန် ဒေါ်လာသန်း ၂၀ အစီအစဉ် စတင်


မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများကို ကာကွယ်ရန် ဒေါ်လာသန်း ၂၀ အစီအစဉ် စတင်

၁၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

IM

မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများကို ကာကွယ်ရန် ဒေါ်လာသန်း ၂၀ ထောက်ပံ့မယ့်အစီအစဉ်ကို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO က စတင်လိုက်တယ်လို့ သိရပါတယ်။

၎င်းအစီအစဉ်မှာ ၅ နှစ် ရှိမှာဖြစ်ပြီး အစီအစဉ်အတွက် ဒေါ်လာသန်း ၂၀ ခန့်သုံးကာ ငွေကြေးကို သြစတြေးလျနဲ့ ဆွစ်ဇာလန်တို့က ပေးအပ်ကာ မြန်မာ၊ လာအိုနဲ့ ထိုင်း အပါအဝင် နိုင်ငံ ၈ နိုင်ငံ ပါဝင်တယ်လို့ သိရပါတယ်။

ကျန်နိုင်ငံများမှာ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် တီမောတို့ ဖြစ်ပြီး အစီအစဉ်ကို အောက်တိုဘာ ၁၄ ရက်တွင် မနီလာ၌ စတင်ခဲ့ရာ စတင်ပွဲကို အာဆီယံ ရွှေ့ပြောင်းလုပ်သား ဖိုရမ်၏ ဘေးတွင် ကျင်းပခဲ့တာပါ။

အစီအစဉ် အမည်မှာ TRIANGLE Partnerships ဖြစ်ပြီး အစီအစဉ်သည် ၂၀၂၆ ခုနှစ်မှ ၂၀၃၁ ခုနှစ်အထိ ဆောင်ရွက်မယ်လို့ ဆိုပြီး တရားမျှတသော အလုပ်ခန့်ထားမှုနဲ့ တရားဝင် ရွှေ့ပြောင်းလမ်းကြောင်းများကို တိုးမြှင့်မယ်လို့ သိရပါတယ်။

၎င်းအစီအစဉ်တွင် ကျွမ်းကျင်မှုကို လေ့ကျင့်ပေးမှု အသိအမှတ်ပြုမှု၊ လူမှုဖူလုံရေး အကာအကွယ်ကို တိုးမြှင့်ကာ နေရပ်ပြန်လာသူများ ပြန်လည် နေထိုင်နိုင်ရေးကိုလည်း ကူညီမှာလို့ ဆိုပြီး ရွှေ့ပြောင်းလုပ်သား ကူညီရေး စင်တာများ၊ စင်တာများက သတင်းအချက်အလက် ပေးကာ ဥပဒေ အကြံဉာဏ်လည်း ပေးမယ်လို ဆိုပါတယ်။

၎င်းအစီစဉ်တွင် နိုင်ငံအစိုးရများ၊ အလုပ်ရှင်များနှင့် အလုပ်သမား အဖွဲ့များ၊ အာဆီယံ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်မယ်လို့ ဆိုပါတယ်။

လက်ရှိ အာဆီယံ နိုင်ငံများမှ ရွှေ့ပြောင်းလုပ်သား ၂၄ သန်းခန့် ရှိကာ အာဆီယံ ဒေသတွင် ရွှေ့ပြောင်းလုပ်သား ၁၁ သန်းခန့် နေထိုင်နေတယ်လို့ ဆိုပါတယ်။

#မြန်မာအပါအဝင်

#ရွှေ့ပြောင်းလုပ်သားများ

#ကာကွယ်ရန်

#ဒေါ်လာသန်း ၂၀

#အစီအစဉ်စတင်

ဆက်စပ်သတင်းများ

Eastern Thanlwin