ဌာနဆိုင်ရာ အယောင်ဆောင်ပြီး ဟိုတယ်နဲ့ လုပ်ငန်းရှင်တွေကို ခြိမ်းခြောက် ငွေလိမ်မှုဖြစ်ပွား
၁၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
တာချီလိတ်မြို့က ဟိုတယ်လုပ်ငန်းတစ်ခုကို အကြမ်းဖက်နိုမ်နင်းရေးတပ်ဖွဲ့က တာဝန်ရှိသူ အယောင်ဆောင်ကာ ဖုန်းဆက်သွယ်ပြီး ငွေကြေးလိမ်လည်ဖို့ ကြိုးစားတဲ့ ဖြစ်စဉ်တစ်ခု ဒီနေ့ အောက်တိုဘာ(၁၄)ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့ရုံးက သိရပါတယ်။ ဟိုတယ်အတွင်း တရားမဝင်သည့် လုပ်ငန်းများလုပ်ကိုင်နေတဲ့အတွက် စစ်ဆေးဖမ်းစီးရန် အစီအစဉ်ရှိကြောင်း စစ်ဆေးဖမ်းဆီးမှု မခံလိုလျှင် Kpay နဲ့ ငွေကြေးပေးရန် အကြမ်းဖက်နိုမ်နင်းရေးတပ်ဖွဲ့တစ်ခုက တာဝန်ရှိသူ ဗိုလ်မှူး ထက်မြက်သူရအမည်နဲ့ လူတစ်ဦးမှ ဟိုတယ်ရဲ့ ဖုန်းကို ဆက်သွယ်လာကာ တာဖြစ်ပါတယ်။

