၁၆ စက်တင်ဘာ ၂၀၂၆(Eastern ThanLwin)
NPW
မြန်မာနဲ့ အိန္ဒိယ အစိုးရ (၂)ရပ်တို့အကြား ၂၀၂၆-၂၇ ဘဏ္ဍာနှစ်မှာ အကောင်အထည်ဖော်ဖို့ မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမယ့် စီမံချက်များ (Quick Impact Prodects-QIP) နားလည်မှုစာချွန်လွှာ ၅ ချက်ကို အောက်တိုဘာ (၁၅) ရက်က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ စီမံချက် ၅ ချက်မှာ တိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ ကျေးရွာပတ်လမ်း အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ ငလျင်ဒဏ်သင့်ကျောင်းတွေအတွက် WASH ထောက်ပံ့ ကူညီရေး၊ ဘွိုင်လာကိုင်ကွယ်ထိန်းသိမ်းသူများ သင်တန်းကျောင်းအဆင့် မြှင့်တင်ခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းက ဖူဆယ်ဘောလုံးကွင်း တည်ဆောက်ခြင်းနဲ့ အချက်အလက်များ ထုတ်ယူစိစစ်သုံးသပ်တဲ့ ဆော့ဝဲလ်ဝယ်ယူခြင်း စီမံချက်တို့ ဖြစ်ပါတယ်။
ယင်းစီမံချက် ၅ ချက်ရဲ့ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၄၇၅၀၂ ဒသမ ၄၇ ဖြစ်ပြီး နှစ်နိုင်ငံကိုယ်စားလှယ်တွေပါဝင်တဲ့ စီမံချက်ဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေး ပူးတွဲကော်မတီတွေ ဖွဲ့စည်းပြီး ကြီးကြပ်အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း QIP စီမံချက် ၅ ခုအတွက် အမေရိကန်ဒေါ်လာ ၂၄၄၀၆၈ ပေးအပ်ခဲ့သလို ယခု နောက်ထပ် စီမံချက် ၅ ချက်အတွက် ထပ်မံပေးအပ်တာဖြစ်ပြီး အဆိုပါ စီမံချက် ၁၀ ချက်ကို ၂၀၂၆-၂၇ ဘဏ္ဍာနှစ်မှာ အကောင်အထည်ဖော်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
#အစိုးရ(၂)ရပ်

