၁၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
မြန်မာနိုင်ငံက လူငယ်တွေ တိုင်းပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်းရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ လိုအပ်ပါတယ်လို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ယမန်နေ့ အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းက ကျင်းပတဲ့ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောကြားခဲ့တာပါ။
ယနေ့ခေတ်ကာလသည် ဆန်းသစ်ဟာ ပညာရပ်များနဲ့အတူ တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးဖြစ်တာနဲ့အညီ မျိုးဆက်သစ်လူငယ်တွေကို လက်တွဲခေါ်ဆောင်နိုင်ဖိုအတွက် ဘက်ပေါင်းစုံ ကောင်းမွန်ပြည့်စုံအောင် လေ့ကျင့်သင်ကြားပေးရန် လိုအပ်တယ်လို့လည်း ဒုတိယသမ္မတက ဆိုပါတယ်။
ဒါ့အပြင် လူငယ်များ၏ စူးစမ်းလိုသည့်စိတ်၊ တီထွင်ဖန်တီးလိုသည့်စိတ်၊ ကျန်းမာကြံ့ခိုင်မှုနဲ့အတူ ယှဉ်ပြိုင်လိုစိတ်များ တိုးတက်စေရန်နဲ့ အသိဉာဏ်ပညာ ပြည့်ဝသော လူငယ်များဖြစ်လာစေရန်၊ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်းရေး တာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်တယ်လိုလည်း ဆိုပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာအသင်း အဖွဲများမှ ဥက္ကဋ္ဌများနဲ့ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇလည်း တက်ရောက်ခဲ့တယ်လို သိရပါတယ်။
ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌများဖြစ်ကြတဲ့ ဝန်ကြီးချုပ်များလည်း Vir tual စနစ်ဖြင့် တက်ရောက်ခဲ့ကြတယ်လို သိရပါတယ်။

