Language:

လူစည်ကားရာ လှည်းတန်းလမ်းမပေါ်မှာ သစ်ပင်လဲကျ ကားပေါ်ပိမိ မီးသတ်တပ်ဖွဲ့က ရှင်းလင်းပေး


လူစည်ကားရာ လှည်းတန်းလမ်းမပေါ်မှာ သစ်ပင်လဲကျ ကားပေါ်ပိမိ မီးသတ်တပ်ဖွဲ့က ရှင်းလင်းပေး

၁၄ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

TNA

လူစည်ကားရာ ရန်ကုန်မြို့ လှည်းတန်းလမ်းပေါ်မှာ သစ်ပင်လဲကျလို့ ကားပေါ်ပိမိရာ မီးသတ်တပ်ဖွဲ့က ရှင်းလင်းပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ လှည်းတန်းလမ်းမှာ ယနေ့ အောက်တိုဘာ ၁၄ ရက်၊ မနက် ၇ နာရီ ၅၃ မိနစ်အချိန်ခန့်က သစ်ပင်လဲကျခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ သစ်ပင်က ကားပေါ်ပိမိနေတယ်လို့ သတင်းအရ ကမာရွတ်မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး ၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့တာပါ။

အဲ့ဒီ သစ်ပင်က ကားပေါ်လဲကျပြီး ပိမိခဲ့ရလို့ ကားမှာ ထိခိုက်ပျက်စီးမှု တချို့ ရှိခဲ့တယ်လို့ မြို့နေ ဒေသခံတွေဆီက သိရပါတယ်။

#လှည်းတန်းလမ်း

#သစ်ပင်လဲကျ

#ကားပေါ်ပိမိ

#မီးသတ်တပ်ဖွဲ့

#ရှင်းလင်းပေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin