Language:

အောင်လံမြို့နယ်မှာ နေအိမ်မီးလောင်လို့ မီးသတ်တပ်ဖွဲ့က မိနစ် ၄၀ ကျော်ကြာ ငြှိမ်းသတ်ပေးခဲ့ရ


အောင်လံမြို့နယ်မှာ နေအိမ်မီးလောင်လို့ မီးသတ်တပ်ဖွဲ့က မိနစ် ၄၀ ကျော်ကြာ ငြှိမ်းသတ်ပေးခဲ့ရ

၁၄ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

TNA

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ရွာထောင်ရပ်ကွက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားလို့ မီးသတ်တပ်ဖွဲ့က မိနစ် ၄၀ ကျော်ကြာ ငြှိမ်းသတ်ပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။

ယနေ့ အောက်တိုဘာ ၁၄ ရက်၊ နံနက် အစောပိုင်း ၃ နာရီ ၁၃ မိနစ်အချိန်ခန့်က ရွာထောင်ရပ်ကွက်မှာ နေအိမ်မီးလောင်နေတယ်လို့ သတင်းအရ အောင်လံမြို့နယ် မီးသတ်စခန်းက ဦးဆောင်ပြီး မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ရေသယ်ယာဉ်၊ အရန်မီးသတ်တပ်ဖွဲဝင် အများအပြားနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့တာလို့ သိရပါတယ်။

အဲ့လို ထွက်ခွာငြှိမ်းသတ်ခဲ့ရာမှာတော့ မိနစ် ၄၀ ကျော်ကြာ ငြှိမ်းသတ်ခဲ့ရပြီး ၃ နာရီ ၅၇ မိနစ် အချိန်မှာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ အောင်လံမြိုနယ်မီးသတ်တပ်ဖွဲ့က ဆောင်ရွက်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

#နေအိမ်မီးလောင်

#မီးသတ်တပ်ဖွဲ့

#မိနစ်၄၀ကျော်ကြာ

#မီးငြှိမ်းသတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin