Language:

မယ်ဆိုင်မြို့ တရုတ်ဘုံကျောင်းတွင် လူဦးရေ (၅,၀၀၀)ကျော်အတွက် စားနပ်ရိက္ခာနှင့် အခြေခံစားသုံးကုန်များ လှူဒါန်းမည်


မယ်ဆိုင်မြို့ တရုတ်ဘုံကျောင်းတွင် လူဦးရေ (၅,၀၀၀)ကျော်အတွက် စားနပ်ရိက္ခာနှင့် အခြေခံစားသုံးကုန်များ လှူဒါန်းမည်

၂၂ သြဂုတ်လ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ တရုတ်ဘုံကျောင်းမှာ တရုတ်ရိုးရာ “ဇုန်ယွမ်ပူတူး”အလှူပွဲကို လူဦးရေ (၅,၀၀၀)ကျော်အတွက် စားနပ်ရိက္ခာ အလှူပစ္စည်းများ သြဂုတ်လ (၂၃) ရက် တနင်္ဂနွေနေ့မှာ လှူဒါန်းပေးမှာဖြစ်တယ်လို့ သိရှိရပါတယ်။

အခုလို စားနပ်ရိက္ခာလှူဒါန်းတာကို နှစ်စဉ်ကျင်းပပြုလုပ်ပေးလေ့ရှိပြီး ဆင်းရဲနွမ်းပါးသူများကို အဓိကထားရည်ရွယ်ကာ လှူဒါန်းပေးလေ့ရှိတယ်လို့လည်း သိရှိရပါတယ်။

မယ်ဆိုင်မြို့ တရုတ်ဘုံကျောင်းတွင် နှစ်စဥ် တရုတ်ရိုးရာအလှူပူဇော်ပွဲကို လှူဒါန်းပွဲကျင်းပလေ့ရှိပြီး တရုတ်ရိုးရာယုံကြည်မှုအရ ကွယ်လွန်သူများနှင့် မကျွတ်မလွတ်တဲ့ ဝိညာဉ်များအတွက် ရည်စူးပြီး လှူဒါန်းကုသိုလ်ပြုတာဖြစ်ပြီး ဆင်းရဲနွမ်းပါးသူများအား ဆန်နှင့် အခြေခံစားသုံးကုန်များ ကူညီလှူဒါန်းကုသိုလ်ပြုခြင်းဖြစ်တယ်လို့သိရှိရပါတယ်။

“စားနပ်ရိက္ခာပေးလှူတဲ့ပွဲက နှစ်တိုင်းလုပ်လေ့ရှိတယ်။ တာချီလိတ်ကနေ သွားယူကြတာတွေလဲရှိတယ်။ ဆန်၊ ဆီ၊ ဆား ခေါက်ဆွဲထုတ်ကအစ အကုန်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ သူတွေကို အဓိကထား လှူဒါန်းတဲ့ပွဲပါ”လို့ မယ်ဆိုင်မြို့နေ မြန်မာနိုင်ငံသား တစ်ဦးက ပြောပါတယ်။

လှူဒါန်းပွဲကို သြဂုတ်လ (၂၃) ရက်နေ့ မနက်ပိုင်းတွင် ကျင်းပသွားမှာဖြစ်ပြီး အလှူလက်ခံသူများ အနေနဲ့ ကွန်မင်တရုတ်ဘုံကျောင်းမှာ အလှူလက်ခံခွင့် လက်မှတ်များရယူပြီး စနစ်တကျ သွားရောက် တန်းစီ လက်ခံရမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

မယ်ဆိုင်မြို့လူမှုကရုဏာအသင်းကလည်း လာရောက်သူများအတွက် မုန့်ဟင်းခါး ပွဲ (၁,၀၀၀) နှင့် သောက်ရေသန့်ဗူး (၃,၀၀၀)တို့ကို စတုဒိသာအဖြစ်လှူဒါန်း ကွမ်မင်တရုတ်ဘုံကျောင်းတွင် ဧည့်ခံကျွေးမွေးမယ်လို့ သိရှိရပါတယ်။

မယ်ဆိုင်မြို့ ကွမ်မင်ဖောင်ဒေးရှင်းကို ၂၀၂၆ ခုနှစ် တရုတ်ရိုးရာ ‘ကျုံးယွမ်ဖူတု’ အလှူပွဲအတွက် မယ်ဆိုင်ဒေသခံ အလှူရှင်များ၊စီးပွားရေးလုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများက ပူးပေါင်းပြီး လှူဒါန်းငွေ စုစုပေါင်း ဘတ် ၁,၀၃၃,၃၆၆) လှူဒါန်းထားကြကြောင်း သိရှိရပါတယ်။

#လှူဒါးပွဲ

#ကွယ်လွန်သူ

#အစားအစာ

#တရုတ်ဘုံကျောင်း

#မယ်ဆိုင်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin