၂၁ ဩဂုတ်လ ၂၀၂၆ (Eastern Thanlwin)
NC
ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ်အသင်းက ၂၀၂၆/၂၇ ရာသီ အဖွင့်ပွဲအဖြစ် တန်းတက် ကိုဗင်ထရီစီးတီးအသင်းကို ယနေ့ ဩဂုတ် ၂၁ ရက်တွင် Emirates Stadium မှာ လက်ခံကစားရမှာပါ။
လမ်းပတ်ရဲ့ ချန်ပီယံရှစ် ချန်ပီယံ ကိုဗင်ထရီအသင်းက ၂၅ နှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့ပြီး လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်လို့ လွယ်ကူမှာတော့မဟုတ်ပါဘူး။
အာဆင်နယ်နောက်ခံလူတွေဖြစ်တဲ့ ဆာလီဘ နဲ့ တင်ဘားတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို နယူးကာဆယ်က အသစ်ခေါ်ယူထားတဲ့ ဂူမားစ်ရက်စ်ကလဲ မန်းစီတီးကိုနိုင်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာ (မစိုးရိမ်းရ)ရခဲ့တဲ့အတွက် အဖွင့်ပွဲမှ ပါဝင်နိုင်ဖို့ မသေချာတဲ့ အနေအထားမှာရှိနေခဲ့ပါတယ်။
ကိုဗင်ထရီအသင်းရဲ့ တိုက်စစ်မှူး ဟာဂျီရိုက်၊ ဗဟိုနောက်ခံလူ ဝုဖ်ဖန်ဒန်တို့လည်း ဒဏ်ရာရရှိထားသလို ကွင်းလယ်လူတွေဖြစ်တဲ့ ရူဒိုနီ၊ အွန်ယက်ကာတို့လည်း ဒဏ်ရာက အကင်းမသေသေးတာကြောင့် ပါလာမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။
အာဆင်နယ်အတွက် အဓိကနောက်ခံလူတွေမပါဝင်နိုင်ပင်မယ့် အိမ်ကွင်းပွဲဖြစ်သည့်အပြင် အသင်းရဲ့ လူစာရင်းက ကိုဗင်ထရီထက် သိသိသာသာ သာလွန်နေဆဲပါ။ လမ်းပတ်ရဲ့ ကိုဗင်ထရီအနေနဲ့ အဝေးကွင်းမှာ နည်းစနစ်ပိုင်း၊ အတွေ့အကြုံနဲ့ ချန်ပီယံဖြစ်ထားတဲ့ လူစာရင်းကို ထပ်မံအားဖြည့်ထားတဲ့ အာဆင်နယ်ကို ခံစစ်ကစားပြီး တန်ပြန်တိုက်ဆင်ကစားဖို့ဘဲ အာရုံစိုက်လာနိုင်ပါတယ်။
လမ်းပတ်ရဲ့ ကိုဗင်ထရီဟာ ချန်ပီယံရှစ်မှာ ခံစစ်စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ပင်မဲ့ ပရီမီယားလိဂ် High-pressing အသင်းတွေနဲ့ မြန်နှုန်းမြင့် ကစားသမားတွေကို ထိန်းချုပ်နိုင်ဖို့တော့ ခက်ခဲနိုင်ပြီး အဓိကတိုက်စစ်မှူးလည်း မပါဝင်နိုင်တာကြောင့် အာဆင်နယ်က ၂-၀၊ ၃-၀ ဖြစ်သွားမယ်လို ခန့်မှန်းမိပါတယ်။

