Language:

အရှေ့အလယ်ပိုင်းအရေးကြောင့် ကမ္ဘာ့ရေနံဈေး ရက်သတ္တပါတ် (၃)ပါတ်အတွင်း အမြင့်ဆုံးအဆင့်သို့တက်လာ


အရှေ့အလယ်ပိုင်းအရေးကြောင့် ကမ္ဘာ့ရေနံဈေး ရက်သတ္တပါတ် (၃)ပါတ်အတွင်း အမြင့်ဆုံးအဆင့်သို့တက်လာ

၁၉ ဩဂုတ်လ ၂၀၂၆ (Eastren Thanlwin)

NC

ကမ္ဘာ့ရေနံဈေးနှုန်းများ (၃) ရက်ဆက်တိုက်တက်နေပြီး ပြီးခဲ့တဲ့ (၃)ပါတ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့နေပါတယ်။ အမေရိကန်နှင့် အီရန်တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိနိုင်မဲ့ အခြေအနေ အားနည်းလာကာ အရှေ့အလယ်ပိုင်းက ရေနံတင်ပို့မှုများ ဆက်လက် အနှောင့်အယှက်ဖြစ်လာမှာကို စိုးရိမ်သဖြင့် ရေနံဈေးဆက်တိုက် တက်နေတာပါ။

ဩဂုတ်လ (၁၈)ရက်နေ့ နေ့လည်အချိန် Brent စတော့ရှယ်ယာမှာ ရေနံစိမ်း တစ်စည်လျှင် (၉၁.၀၇) ဒေါ်လာသို့ ရောက်ရှိခဲ့တဲ့အတွက် ဆင့်(၂၀) (0.22%)ဈေးတက်ခဲ့ကာ အမေရိကန် WTI ရေနံစိမ်းမှာ တစ်စည်လျှင် ဒေါ်လာ (၈၄.၉၉)ဒေါ်လာ၊ (၄၉) ဆင့် (0.58%) ဈေးတက်ခဲ့တဲ့အတွက် နှစ်မျိုးစလုံး ဇူလိုင်လကုန် နောက်ပိုင်းနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းများ အဖြစ်ပြန်လည် ထိုးတက်လာခဲ့ပါတယ်။

ဈေးတက်လာခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ အရှေ့အလယ်ပိုင်းက စစ်ရေးအခြေအနေ တင်းမာမှုတွေ ပိုမိုမြင့်တက်လာခြင်းကြောင့် ဖြစ်ပါတယ်။ အီရန်က ပိုမိုပြင်းထန်တဲ့ စစ်ရေးမူဝါဒကို ကျင့်သုံးလာနေတာဖြစ်ပြီး အမေရိကန်ဘက်ကလည်း အီရန်ကို ယခင်ကသဘောတူထားတဲ့ ကြားဖြတ်သဘောတူညီချက်တွေကို လိုက်နာခြင်းမရှိသရွေ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားမည်ဟု ပြောဆိုထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အဆိုပါ ကြားဖြတ်သဘောတူညီချက်ကို ပယ်ချကာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သက်တမ်းတိုးမှာမဟုတ်ကြောင်း ပြန်လည်ပြောကြားထားကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

#ဈေးကွက်

#လောင်စာဆီဈေး

#ကမ္ဘာ့ရေနံဈေးကွက်

#အီရန်

#အမေရိကန်

#အရှေ့အလယ်ပိုင်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin