၆ သြဂုတ်လ ၂၀၂၆(Eastern Thanlwin)
ကိုရဲ
ထိုင်းနိုင်ငံ ဟွိုင်ခါခဲင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် တာဝန်ထမ်းဆောင်နေသော ရှေ့တန်း တောခေါင်းတစ်ဦးသည် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၅ ရက် (ဗုဒ္ဓဟူးနေ့)တွင် တာဝန်ကျနေစဉ် ကျားတစ်ကောင်၏ တိုက်ခိုက်မှုခံရပြီး သေဆုံးခဲ့ကာ ရုပ်အလောင်းကို နောက်ပိုင်းတွင် ထပ်ဆလာအိုချောင်းအတွင်း တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။
လူငယ်စခန်းအစီအစဉ်အတွက် သတ်မှတ်ထားသော တွေ့ဆုံရာနေရာသို့ (ဆာခရင်ဝိချာချန်) ရောက်ရှိမလာဘဲ တာဝန်လာရောက် သတင်းမပို့သဖြင့် အရာရှိများက သူ့အား စတင်ရှာဖွေကာ ဓာတ်ပုံရိုက်ကင်မရာမှ အသက် (၁)နှစ် (၆)လအရွယ် ကျားသစ်ထီးငယ်တစ်ကောင် သည် သွေးစွန်းနေသော ခြင်ထောင်ကို အစာမြှားအဖြစ် ထားခဲ့သည့်နေရာသို့ ပြန်လာသည်ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ထိုနေရာသည် ဝန်ထမ်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည့် နေရာလည်းဖြစ်သည်။
ထိုင်းဝန်ကြီး(ဆူချတ်)မှ ကွယ်လွန်သွားသည့် (ဆာခရင်ဝိချာချန်)အတွက် ဝမ်းနည်းကြောင်းဖြစ်ကာ သူမိသားစုနှင့် လုပ်ဖော်ကိုင်ဖက်အားလုံးကို အားပေးစကား ပြောကြားခဲ့တယ်လို့လည်း သိရှိရပါတယ်။
အမျိုးသားဥယျာဉ် တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးဦးစီးဌာနအား ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန်နှင့် အန္တရာယ်မြင့်မားသော ဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ထပ်မံမဖြစ်ပွားစေရန် အန္တရာယ်လျှော့ချရေး ဆောင်ရွက်ရန်လည်း ဝန်ကြီးက ညွှန်ကြားထားကြောင်း ဖြစ်ပါတယ်။

