Language:

ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောများ မိုင်းထိမီးလောင်


ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောများ မိုင်းထိမီးလောင်

၁၄ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)

IM

ဟော်မုဇ်ရေလက်ကြားမှာ ၂၄ နာရီအတွင်း သင်္ဘော ၄ စီး မိုင်းထိပြီး ပေါက်ကွဲမီးလောင်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ အယ်လ်ဂျာဇီယာသတင်းဌာနက ဖော်ပြပါတယ်။

သောကြာနေ့က ရေနံတင်သင်္ဘော ၂ စီးနဲ့ စနေနေ့အစောပိုင်းမှာ သဘာဝဓာတ်ငွေ့ရည်တင်သင်္ဘောတစ်စီး မိုင်းထိခဲ့ပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကတော့ ခွင့်ပြုချက်မရှိဘဲ ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားတဲ့ သင်္ဘောတွေ မိုင်းထိခဲ့တာလို့ ပြောဆိုထားပါတယ်။

အီရန်အရာရှိတွေရဲ့ အဆိုအရ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း သင်္ဘော အနည်းဆုံး ၁၂ စီး မိုင်းထိခဲ့ပြီး ကုလသမဂ္ဂရဲ့ အချက်အလက်အရ ဖေဖော်ဝါရီလကစပြီး ဒေသတွင်း ရေကြောင်းဖြစ်ရပ် ၁၃၄ ခု ဖြစ်ပွားကာ သင်္ဘောသား ၂၅ ဦး သေဆုံးခဲ့ပါတယ်။

တစ်ဖက်မှာ အီရန်က ရေလက်ကြားကို ဖြတ်သန်းဖို့ မိမိတို့ရဲ့ ခွင့်ပြုချက်လိုအပ်တယ်လို့ ပြောဆိုထားပြီး အမေရိကန်ရဲ့ တိုက်ခိုက်မှုအသစ်တွေ ရှိလာရင် လက်တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း လာမယ့်အပတ် တရုတ်နိုင်ငံမှာ အီရန်စစ်ပွဲအရေး ဆွေးနွေးဖို့ ရှိနေပါတယ်။

#ဟော်မုဇ်ရေလက်ကြား

#အီရန်

#အမေရိကန်

#ရေကြောင်းလုံခြုံရေး

ဆက်စပ်သတင်းများ

Eastern Thanlwin