Language:

မြန်မာစစ်ဆင်ရေးများ ထိုင်းနယ်မြေမထိခိုက်စေရန် ထိုင်းကာကွယ်ရေးဦးစီးချုပ် သတိပေး


မြန်မာစစ်ဆင်ရေးများ ထိုင်းနယ်မြေမထိခိုက်စေရန် ထိုင်းကာကွယ်ရေးဦးစီးချုပ် သတိပေး

၅ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

IM

မြန်မာစစ်တပ်အနေနဲ့ နယ်စပ်အနီး စစ်ဆင်ရေးတွေ လုပ်ဆောင်ရာမှာ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို မထိခိုက်စေဖို့ ထိုင်းကာကွယ်ရေးဦးစီးချုပ်က သတိပေးပြောကြားလိုက်ပါတယ်။

ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဦးကြစ် ဘွန်တန်နွန်ဒါက ဘန်ကောက်မြို့မှာ မြန်မာစစ်သံမှူးနဲ့ တွေ့ဆုံပြီးနောက် အခုလို ပြောကြားခဲ့တာဖြစ်ပြီး လက်ရှိနဲ့ အနာဂတ်စစ်ဆင်ရေးတွေမှာပါ ထိုင်းနယ်မြေကို ထိခိုက်မှုမရှိစေဖို့ တောင်းဆိုခဲ့ပါတယ်။

နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုကြောင့် အောက်တိုဘာ ၂၉ ရက်က မဲဆောက်ခရိုင်မှာ ထိုင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သလို အောက်တိုဘာ ၃၁ ရက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မယ်ဟောင်ဆွန်ပြည်နယ်ရှိ အဆောက်အအုံတချို့ ပျက်စီးခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေနောက်ပိုင်း ထိုင်းအစိုးရက မြန်မာဘက်ကို ကန့်ကွက်စာပေးပို့ခဲ့ပြီး နယ်စပ်တစ်လျှောက် F-16 တိုက်လေယာဉ်တွေနဲ့ ကင်းလှည့်ခဲ့ပါတယ်။ မြန်မာစစ်တပ်ကတော့ ထိုင်းဘက်ကို ပစ်ခတ်မှုတွေဟာ ခုခံရေးအဖွဲ့တွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ နိုဝင်ဘာ ၃ ရက်မှာ ငြင်းဆိုထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ နယ်စပ်အကြမ်းဖက်မှု လျှော့ချရေး ဆွေးနွေးဖို့ နိုဝင်ဘာ ၁၂ ရက်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

#စစ်ဆင်ရေး

#ပဋိပက္ခ

#နယ်စပ်ဖြတ်ကျော်

#ထိုင်း

ဆက်စပ်သတင်းများ

Eastern Thanlwin