ချဲလ်ဆီး vs မန်ယူ
တစ်ချိန်က ကွင်းလယ်ဗိုလ်ချုပ်တွေအဖြစ် ကွင်းအတွင်းယှဉ်ပြိုင်ခဲ့ကြတဲ့ အလွန်ဆိုနဲ့ ကာရစ်တို့ဟာ ခုချိန်မှာတော့ နည်းပြတွေအဖြစ် ကွင်းဘေးကနေ ဗျူဟာတွေ ယှဉ်ပြိုင်ကြတော့မယ့် ညတစ်ညကို ရောက်ရှိလို့လာခဲ့ပါပြီ။ အလွန်ဆိုရောက်ရှိလာပြီးနောက်ပိုင်းမှာ ချဲလ်ဆီးအသင်းရဲ့ အသင်းတွင်း စည်းလုံမှုအားနည်းချက်တွေနဲ့ လိုအပ်ချက်တွေကို တိုးတက်ကောင်းမွန်းအောင် တဖြေးဖြေးတည်ဆောက်လာနိုင်ခဲ့ပါတယ်။
မန်ယူအသင်းကတော့ ကာရစ်ယာယီနည်းပြစဉ်က နတ်ရေကန်ထဲကျပြီး ပြန်တက်လာတဲ့အလား ကစားသမားတွေဟာ အသင်းတွင်းစည်းလုံးမှု၊ နိုင်လိုစိတ် ပြင်းထန်မှုတွေ အကြိမ်ကြိမ်ပြသခဲ့ပေမယ့် အတည်နည်းပြအဖြစ် စတင်ခဲ့တဲ့ လက်ရှိရာသီအရောက်မှာတော့ အားလုံးပျောက်ဆုံးသွားခဲ့ပြီး ဆေးသမားတွေ ဆေးအရှိန်ပျယ်သွားချိန် ပုံမှန်စွမ်းဆောင်ရည်ပါ ထုတ်မသုံးနိုင်သကဲ့သို့ ဖြစ်လို့နေပါတယ်။
ချဲလ်ဆီးအသင်းဟာ အလွန်ဆိုနဲ့အတူ ဒီရာသီ အပြောင်းအလဲများစွာ ပြုလုပ်ထားတဲ့အတွက် တိုးတက်မှုတွေရှိလာပေမယ့် ကစားသမားတွေကြား နားလည်မှု အားကောင်းလာဖို့နဲ့ ခံစစ်ပိုင်းလိုအပ်ချက်တွေတော့ ရှိနေပါသေးတယ်။ ချဲလ်ဆီးမှာ ဒဏ်ရာကြောင့် အဓိကဂိုးသမား မာတီနက်စ်၊ အသင်းခေါင်းဆောင် ရီးစ်ဂျိမ်း၊ တိုက်စစ်က ပတ်ဒရိုတို့ လွှဲချော်မှာပါ။ စပါးနဲ့ပွဲမှာ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံလိုက်ရတဲ့ ကိုးပါလ်မား ပြန်လည်ပါဝင်နိုင်မှာဖြစ်တဲ့အတွက် ချဲလ်ဆီးကွယ်လယ်က ဖန်တီးမှုတွေပိုမို မြင်တွေ့ရမှာပါ။
မန်ယူအသင်းကစားသမားတွေရဲ့ လက်ရှိအနေအထားက ကျွန်တော်တို့ ငယ်ငယ်တုန်းက သူငယ်ချင်းတွေဆော့ဖို့ခေါ်တဲ့အချိန် အမေကစာလုပ်ရမဲ့အချိန်ဆိုပြီး ပေးမဆော့ဘဲ စာကျက်ခိုင်းလို့ ကြောက်ပီးစာသာကျက်နေရတယ် ဘာမှအကျိုးမထူးခဲ့သလို သူတို့လဲ လစာယူထားလို့သာ ပွဲဝင်ကစားနေရတယ်။
အချိန်ပြည့် နာ အေး ကစားနေတော့ကာ ဒဏ်ရာရကစားသမားတွေ ဘယ်သူဖြစ်ဖြစ် ဘယ်သူဘဲ ပွဲပယ်ခံရခံရ အဲ့တာတွေ ထည့်စဉ်းစားနေဖို့မလိုတော့ပါဘူး။ အသင်းကြီးတစ်သင်းလုံး ဒဏ်ရာရပြီး လူငယ်ကစားသမားအများအပြား ပွဲထုတ်ရတာကမှ ကာရစ်အတွက် အထောက်အကူဖြစ်စေမယ့်အပြင် ပရိသတ်တွေအတွက်လည်း မျှော်လင့်ချက်ရှိရှိ ကြည့်ရနိုင်လို့ပါ။
အလွန်ဆိုအနေနဲ့ ပြီးခဲ့တဲ့အိမ်ကွင်းပွဲစဉ်မှာ စပါးကို ရှုံးနိမ့်ထားတဲ့အပြင် လက်ရှိအချိန်မှာ ဘောလုံးတောင် ဘယ်လိုကစားရမှန်းမသိအောင်ဖြစ်နေတဲ့ မန်ယူအသင်းကိုပါ ရှုံးနိမ့်ရင် ဝေဖန်မှုဖိအားတွေနဲ့ ကစားသမားတွေရဲ့စိတ်ဓါတ်ပိုင်ယိုင်းယိုင်လာမှာဖြစ်လို့ မဖြစ်မနေ အနိုင်ယူဖို့ အစွမ်းကုန်ကြိုးစားလာမှာပါ။
ဘာမှမျှော်လင့်မထားလို့ ဒီပွဲမှာရှုံးစရာဘာမှမရှိတဲ့ မန်ယူပရိတ်သတ်တွေအနေနဲ့ ကြားရက်တွေမှာ နည်းပြနဲ့ကစားသမားတွေကြား အကောင်းဆုံး ညှိနှိုင်းအဖြေရှာထားတယ်လို့ ကြားနေရတဲ့ သတင်းတွေအပေါ်သာ ကိုယ့်အသင်း ဘယ်လိုတွေဖြစ်လာမလဲဆိုပြီး တစ်သက်မှာတစ်ခါသာကြုံရမယ့် လင်တစ်မျိုးလေးနဲ့ ယခုပွဲကို စောင့်ကြည့်ရမှာပါ။
သတိထားမိတာတစ်ချက်က အိမ်းကွင်းအားသာချက်အပြင် အစစအရာသာလွန်နေတဲ့ချဲလ်ဆီးက မန်ယူကို သရေရှုံးဆိုတဲ့ ဘွန်ကီဒိုင်တွေကြေးဖောက်မှုက ဘာအတွက်လဲ-ဘာကြောင့်လဲ ဆိုတာလေးကတော့- “မန်ယူဖို့ မျှော်လင့်ချက်လေများလား” သို့တည်းမဟုတ် အဲ့လို မျှော်လင့်ချက်ကို တည်ကြက်လုပ်ထားလေရော့သလား

