ချင်းမိုင်မြိုမှာ ကျားဖြန့်ဂိုဏ်းတစ်ခုက လိမ်လည်ခေါ်ထုတ်သွားတဲ့ မြန်မာလူငယ်နှင့်အတူ အခြားတစ်ယောက်နဲ့ပြန်တွေ့


ချင်းမိုင်မြိုမှာ ကျားဖြန့်ဂိုဏ်းတစ်ခုက လိမ်လည်ခေါ်ထုတ်သွားတဲ့ မြန်မာလူငယ်နှင့်အတူ အခြားတစ်ယောက်နဲ့ပြန်တွေ့

၂၉ ဇူလိုင်လ ၂၀၂၆ (Eastern ThanLwin)

ဇင်ကြီး

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပျောက်ဆုံးနေတဲ့ အသက်(၁၅)နှစ်အရွယ် မြန်မာလူငယ်တစ်ဦးကို မိသားစုဝင်တွေနဲ့အတူ ဌာနဆိုင်ရာတွေက ဝိုင်းကူရှာပေးကြလို့ ပြန်တွေ့သွားပြီလို့ သိရပါတယ်။

မြန်မာလူငယ်လေးဟာ မနေ့က မနက် (၉း၂၀) လောက်မှာနေ အိမ်ကနေထွက်သွားတာဖြစ်ပြီး လက်ရှိမှာတော့ ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးချက်ရ ထိုင်းနိုင်ငံ လော့ဘူရီမြို့ မှာ ပြန်လည်တွေ့ရှိ့ခဲ့ပြီး မောင်စွမ်းပြည့်ပိုင်စိုးနှင့်အတူ အပေါင်းအပါတစ်ယောက်ကိုပါ တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ပျောက်ဆုံးနေတဲ့ ကလေးရဲ့အမေဖြစ်သူ ဒေါ်ချိုချိုခိုင်ရဲ့ Facebook စာမျက်နှာပေါ်မှာ “ကလေးတွေ့ပါပြီ ရဲလက်ထဲရောက်နေပါပြီ အကျိုးအကြောင်းသေချာသိရရင် ဖြစ်စဉ်ကို ပြန်ပြောပါ့မယ်ရှင့်။ အခုတော့ ဘေးမသိရန်မခပြန်တွေ့ပါပြီ။ စိတ်ပူပေးတဲ့သူအားလုံးနဲ့ ဝိုင်းဝန်းရှာဖွေပေးသူအားလုံး ကျေးဇူးအထူးပါရှင့်”လို့ ရေးသားထားတာ ဖြစ်ပါတယ်။

မိသားစုဝင်တွေရဲ့ ယူဆချက်အရ အဆိုပါလူငယ်ဟာ Telegram Group တစ်ခုမှတဆင့် စိတ်ပိုင်းဆိုင်ရာ သွေးဆောင်လှည့်ဖြားခြင်းခံရကာ နေအိမ်မှထွက်သွားတယ်လို့ ယူဆထားကြပြီး ပျောက်ဆုံးသည့်နေ့တွင် ငွေသားအချို့နဲ့ ရွှေများကိုလည်း ယူဆောင်သွားတယ်လို့သိရပါတယ်။

လက်ရှိ့မှာတော့ မောင်စွမ်းပြည့်ပိုင်စိုးမှာပါတဲ့ ငွေတချို့မှာ ဘတ် (၁)သိန်းကျော်ကိုယူဆောင်သွားကပြီး ကလေးမှာပါတဲ့ ရွှေနဲ့ ပိုက်ဆံမှာတော့ ပိုက်ဆံ 14000 သာကျန်တယ်လို့ ရဲတွေဆီက သိရကာ အတူတွေ့ရှိ့ခဲ့တဲ့ အပေါင်းအပါတစ်ဦးကတော့ လွတ်မြောက်သွားပြီလို့လည်း သိရပါတယ်။

#လူပျောက်

#မြန်မာကလေးငယ်

#ချင်းမိုင်

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin