ကူမာမိုတိုရောက် မြန်မာတွေ သတိပြုနေထိုင်ကြဖို့ မြန်မာသံရုံး သတိပေး


ကူမာမိုတိုရောက် မြန်မာတွေ သတိပြုနေထိုင်ကြဖို့ မြန်မာသံရုံး သတိပေး

၃၀ ဇူလိုင်လ ၂၀၂၆ (Eastern ThanLwin)

ဖိုးစည်

ဂျပန်နိုင်ငံ ကျူရှူး (Kyushu) ကျွန်းရှိ ကူမာမိုတို (Kumam oto) စီရင်စုမှာ မနေ့က ဇူလိုင် (၂၈) ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အား (၇.၁)ရှိ ငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်နေတာကြောင့် မြန်မာတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးက သတိပေးထားပါတယ်။

အဲဒီ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ဒီကနေ့မနက်ပိုင်းအထိ သေဆုံးသူ (၁၃) ဦးရှိပြီး ရှာဖွေကယ်ဆယ်မှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ငလျင်ဗဟိုချက်အနီးဝန်းကျင်က ဒေသခံ (၁၅၀,၀၀၀)ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီး ကျူရှူး Shinkansen အမြန်ရထားလိုင်းနဲ့ Kumamoto လေဆိပ်တို့ကို ယာယီပိတ်ထားရတယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ထို့ကြောင့် ဂျပန်နိုင်ငံ၊ ကူမာမိုတိုစီရင်စုမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့နဲ့ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ Japan Meteorological Agency က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေ အနီးကပ်စောင့်ကြ ည့်ကြဖို့ကို မြန်မာသံရုံးက ညွှန်ကြားထားပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေကို အချိန်နဲ့တပြေးညီလိုက်နာကြဖို့နဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ကိုလည်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးထားပါတယ်။

#သဘာဝဘေး

#ငလျှင်

#ဂျပန်ငလျှင်

#ညွှန်ကြားချက်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin