Language:

ထိုင်းနိုင်ငံ အယုဒ္ဓယမှာ ရေကြီးမှု ပြင်းထန်နေရာ နေအိမ် ဒုတိယထပ်အထိ ရေနစ်မြုပ်မှုနဲ့ ရင်ဆိုင်နေရ


ထိုင်းနိုင်ငံ အယုဒ္ဓယမှာ ရေကြီးမှု ပြင်းထန်နေရာ နေအိမ် ဒုတိယထပ်အထိ ရေနစ်မြုပ်မှုနဲ့ ရင်ဆိုင်နေရ

၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

IM

ထိုင်းနိုင်ငံ အယုဒ္ဓယပြည်နယ် ဘန်ဘန်ခရိုင် ဘန်ကွမ်းရွာမှာ ကျောက်ဖရားမြစ်ရေ လျှံတက်နေလို့ နေအိမ်များ ဒုတိယထပ်အထိ နစ်မြုပ်နေပြီး ဒေသခံများ မြေညီထပ်များကို စွန့်ခွာနေရတယ်လို့ ထိုင်းသတင်း ဖော်ပြချက်များအရ သိရပါတယ်။

ရေများ ဆက်လက် မြင့်တက်နေပြီး အိမ်သာနဲ့ အခြေခံ အကူအညီများ အရေးပေါ် လိုအပ်နေကာ ပိုလျှံရေကို လယ်ကွင်း ရေထိန်းနယ်များသို့ လွှဲပေးရန် ဒေသခံများက တောင်းဆိုနေကြပါတယ်။

အောက်တိုဘာ ၅ ရက် အခြေအနေအရ အယုဒ္ဓယတွင် ခရိုင် ၁၆ ခုမှ အိမ်ထောင်စု ၅၃,၄၅၇ စု ရေဘေး သင့်နေပြီး ဆည်များမှ ရေလွှတ်မှုကြောင့် မြစ်ရေများ ထပ်မံ မြင့်တက်နိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားတာပါ။

#ထိုင်းနိုင်ငံ

#ရေကြီးမှု

#ရေကြီးရေလျှံ

#ကျောက်ဖရားမြစ်ရေ

#သဘာ၀ဘေး

#ဆည်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin