၂၃ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin )
ကိုရဲ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ သစ်သီးဈေးကွက်အတွင်း ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာတဲ့ သရက်သီးတွေ လက်ရှိ ရက်ပိုင်းအတွင်း ဈေးနှူန်းများ မြင့်တက်လာတယ်လို့ ဒေသခံ သစ်သီးဝလံ ရောင်းချနေသူများထံက သိရပါတယ်။
ထိုင်းနိုင်ငံဘက်ကနေ သရက်သီးတွေကို တာချီလိတ်-မယ်ဆိုင် နယ်စပ်တံတားပေါ်က ဖြတ်သန်းသယ်ယူပြီး တာချီလိတ်မြို့ရှိ ဈေးတွေနဲ့ သစ်သီးဆိုင်တွေမှာ ရောင်းချနေတာဖြစ်ပါတယ်။
“သရက်သီးက တစ်ကီလိုကို ဘတ် ၈၀ ပေးရတယ်။ တစ်ကီလိုမှ လေးလုံးလောက်ပဲပါတယ်။ ဈေးအရမ်းတက်သွားတော့ သရက်သီးတစ်လုံးကို သုပ်လိုက်ရင် ၄၀ နဲ့ ရောင်းနေရတယ် ဝယ်စားတဲ့သူရော ရောင်းတဲ့သူအတွက်လည်း အဆင်မပြေဘူး။”လို့ အချဥ်ပေါင်းရောင်းချ သူတစ်ဦးက အရှေ့သံလွင် သတင်းမီဒီယာကို ပြောပါတယ်။
အဆိုပါ သရက်သီးများသည် ထိုင်းဘက်မှ ဝင်ရောက်လာသည့် သစ်သီးများအနက် ဈေးကွက်အတွင်း ပုံမှန်တွေ့ရသည့် သစ်သီးတစ်မျိုးဖြစ်ပြီး အမျိုးအစား အရွယ်အစားနှင့် အရည်အသွေးအလိုက် ဈေးနှုန်းများ ကွာခြားလျက်ရှိပြီး ယခင်ကထက်ဈေးနှုန်းမြင့်တက်နေတာကြောင့် ဝယ်ယူစားသုံးသူများအနေဖြင့် ဈေးနှုန်းအခြေအနေကိုကြည့်ပြီး ဝယ်ယူနေရကြောင်း သိရပါတယ်။
သရက်သီးဈေးနှုန်းများ မြင့်တက်လာသည့် အကြောင်းရင်းနဲ့ ပတ်သတ်ပြီး တိကျတဲ့အချက်အလက်များ မရရှိသေးဘဲ ထိုင်းဖက်ကနေဈေးတက်လိုက်တာကြောင့် ဈေးနှုန်းမြင့်တက်နေခြင်းတာ ဖြစ်ပါတယ်။

