Language:

ဂျပန်အပြာကားလောက ဘုရင်မ အသက် ၂၅ နှစ်အရွယ် ဟာနာကူရာကီ မိမိကိုယ်ကို အဆုံးစီရင်ပုံရတဲ့ အခြေအနေနဲ့ သေဆုံး


ဂျပန်အပြာကားလောက ဘုရင်မ အသက် ၂၅ နှစ်အရွယ် ဟာနာကူရာကီ မိမိကိုယ်ကို အဆုံးစီရင်ပုံရတဲ့ အခြေအနေနဲ့ သေဆုံး

၁၅ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)

ဗကြီး

ဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံး အပြာကား ကြယ်ပွင့်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဟာနာကူရာကီကို တိုကျိုမြို့ရှိ သူ့ရဲ့တိုက်ခန်းမှာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ အခြေအနေမျိုးနဲ့ သေဆုံးလျက်အနေအထားနဲ့ တွေ့ရှိခဲ့တယ်လို့ ဂျပန်မီဒီယာက ဖော်ပြထားပါတယ်။

တိုကျိုမြို့ရဲ့ နာမည်ကြီး ပြည့်တန်ဆာရပ်ကွက်ရှိ သူ့ရဲ့တိုက်ခန်းမှာ အသက် ၂၅ နှစ်အရွယ် ဟာနာ သေဆုံးနေကြောင်း အသိမိတ်ဆွေတစ်ဦးက တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်က ကျေးဇူးပြုလို့ ကျွန်မရဲ့ ၂၂ နှစ်တာကိုကြည့်ပါ။ အားလုံးက လိင်ကိစ္စတွေချည်းပဲဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၂၄ က အပြာကားလောကထဲ စတင်ဝင်ရောက်လာခဲ့တဲ့ ကူရာကီကလိင်မှုကိစ္စနဲ့ ဆက်စပ်တဲ့ ရုပ်ရှင်လောကကနေ ခတ္တအနားယူထားကြောင်း ပြီးခဲ့တဲ့နွေဦးရာသီက ကြေညာခဲ့ပါတယ်။

အဆိုပါ အပြာကားကြယ်ပွင့်ဟာ ထင်ရှားတဲ့ တိုကျိုကလပ်ပိုင်ရှင် ဆာကီတိုဆီကနေ တိုက်ခန်းငှားထားတာဖြစ်ပြီး သူသေဆုံးမှုဟာ အံ့သြစရာကောင်းတယ်လို့ အခန်းပိုင်ရှင်က ဂျပန် မီဒီယာသို့ ပြောကြားပါတယ်။

ဆာကီတိုရဲ့ ပြောဆိုမှုအရ အဆိုပါလူကြီးကြိုက် ကားတွေရိုက်တဲ့ မင်းသမီးသေဆုံးနေကြောင်းကို သူ့ရဲ့ သူငယ်ချင်းတစ်ယောက်က တွေ့ရှိခဲ့ပြီး အခန်းပိုင်ရှင်ဆီ ဖုန်းဆက် အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကူရာကီဟာ နောက်ထပ်ကလပ်ဘုရင်တစ်ယောက်ဖြစ်တဲ့ ရှိုတာတာအီရာနဲ့ ပြတ်လိုက် ၊ ပြန်ဆက်လိုက် ၊ ပေါက်ကွဲလိုက် ဆက်ဆံရေးရှိခဲ့တယ်လို့ ဆိုပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အကြမ်းဖက်မှုတွေရှိတဲ့ ဆက်ဆံရေးမျိုးရှိတယ်လို့ ဖော်ပြထားပါတယ်။

သူသေဆုံးရတဲ့ အကြောင်းရင်း အတိအကျကို ရဲတပ်ဖွဲ့က အတည်မပြုရသေးဘူးလို့ တာကီတိုက ပြောကြားထားပြီး သေဆုံးသူနဲ့ပတ်သက်လို့ ထင်ရာ မြင်ရာ သတင်းအမှားတွေ မပြောကြဖို့ သူက သတိပေးထားပါတယ်။

သူဟာ အပြာကားလောကမှာ ခေတ္တပဲဝင်ရောက်ခဲ့တာဖြစ်ပေမယ့် ကြီးကြီးမားမား အောင်မြင်ခဲ့ပြီး အနားယူထားတယ်ဆိုပေမယ့် ယခုနှစ်နှောင်းပိုင်း တိုင်ပေမှာ ကျင်းပမယ့် အပြာကားလုပ်ငန်းနယ်ပယ် ပြပွဲသို့ တက်ရောက်ဖို့ စီစဉ်ထားပါသေးတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လက ကားမတော်တဆဖြစ်မှုအတွင်း မျက်နှာနဲ့ မေးရိုးထိခိုက်ခဲ့ပြီးနောက် သူကအနားယူကြောင်း ရုတ်တရက် ကြေညာခဲ့တာဖြစ်ပါတယ်။

သူဟာ အမြဲမပြတ် စော်ကားမှု ၊ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့လည်း လူမှုမီဒီယာမှာ ဖော်ပြခဲ့ဖူးပြီး သူဟာတစ်နှစ်ကို ဝင်ငွေဒေါ်လာ (၁) ဒဿမ (၉) သန်း ရရှိတယ်လို့ မီဒီယာတွေက ခန့်မှန်းထားပါတယ်။

#ဟာနာကူရာကီ

#မိမိကိုယ်ကို

#အဆုံးစီရင်

#ခြိမ်းခြောက်ခံရ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin