Language:

၂၀၂၆ ခုနှစ်က ဓာတ်အားဖြန့်ဖြူးနိုင်မှု အများဆုံးနှစ်ဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား


၂၀၂၆ ခုနှစ်က ဓာတ်အားဖြန့်ဖြူးနိုင်မှု အများဆုံးနှစ်ဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

၁၅ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

၂၀၁၀ ကနေ ၂၀၂၆ ခုနှစ်အထိ နှစ်စဉ်တစ်လပျမ်းမျှ ဓာတ်အားဖြန့်ဖြူးနိုင်မှုကို နှိုင်းယှဉ်မယ်ဆိုရင် ၂၀၂၆ ခုနှစ်က ဓာတ်အားဖြန့်ဖြူးနိုင်မှု အများဆုံးနှစ်ဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားလိုက်ပါတယ်။

ဒါဟာ ၁၆ နှစ်အတွင်း စံချိန်တင် ဓာတ်အားဖြန့်ဖြူးနိုင်မှုအဖြစ် ၂၀၂၆ ခုနှစ် မှတ်တမ်းဝင်ခဲ့တာပါလို့ ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်းဆောင်နေတဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းတွေနဲ့ စက်တင်ဘာ (၁၄)ရက်က တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အခုလို ပြောကြားခဲ့တာပါ။

လက်ရှိ ၂၀၂၆ ခုနှစ်မှာ တစ်လပျမ်းမျှ ဓာတ်အားယူနစ် ၁,၉၇၈ သန်းအထိ ဖြန့်ဖြူးပေးနိုင်နေပြီး၊ ၂၀၁၀ ခုနှစ်ကနေ အခုနှစ်အထိ မှတ်တမ်းတွေနဲ့ နှိုင်းယှဉ်ရင် အမြင့်ဆုံးပမာဏဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို ဓာတ်အားဖြန့်ဖြူးနိုင်မှု တိုးတက်လာတာဟာ ဓာတ်အားထုတ်လုပ်မှု တိုးမြှင့်နိုင်တာတင်မကဘဲ ဓာတ်အားခိုးယူသုံးစွဲမှုတွေကို ဖော်ထုတ်အရေးယူနိုင်တာလည်း အဓိကအကြောင်းရင်းတစ်ခု ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေအတွက် အားကိုးအားထားရတဲ့ လျှပ်စစ်ဓာတ်အားပေးစနစ် ဖြစ်လာစေရေးနဲ့ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဝန်ထမ်းတွေအနေနဲ့ ပြည်သူတွေ ထိတွေ့ဆက်ဆံရာမှာ စေတနာထားပြီး ဝန်ဆောင်မှုပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

တစ်ဖက်မှာလည်း လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ ဓာတ်အားခွဲရုံတွေနဲ့ မဟာဓာတ်အားလိုင်းတွေ ပျက်စီး၊ ဖျက်ဆီးခံရတာ မရှိဘူးဆိုရင် တစ်လပျမ်းမျှ ယူနစ် ၂,၂၄၀ သန်းအထိ ဖြန့်ဖြူးပေးနိုင်မယ်လို့ ဆိုပြီး ၂၀၂၅ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်လည်း လက်ရှိနှစ်မှာ တစ်လပျမ်းမျှ ဓာတ်အားဖြန့်ဖြူးနိုင်မှု ၂၁ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ဆိုပါတယ်။

#ဓာတ်အားဖြန့်ဖြူးနိုင်မှု

#လျှပ်စစ်ဝန်ထမ်း

#လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန

#ပြည်ထောင်စုဝန်ကြီး

#ရန်ကုန်တိုင်း

#စံချိန်တင်ဓာတ်အား

#လျှပ်စစ်ဓာတ်အားပေးစက်ရုံ

#မဟာဓာတ်အားလိုင်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin