Language:

အာရှ အားကစားပြိုင်ပွဲ ကစားသမားများ နေရာချထားမှု အဆိုးရွားဆုံးအခြေအနေ ကြုံနေရပြီး အိပ်ရာကုတင်များ တိုလွန်းနေတယ်လို့ တောင်ကိုရီးယားပြောကြား


အာရှ အားကစားပြိုင်ပွဲ ကစားသမားများ နေရာချထားမှု အဆိုးရွားဆုံးအခြေအနေ ကြုံနေရပြီး အိပ်ရာကုတင်များ တိုလွန်းနေတယ်လို့ တောင်ကိုရီးယားပြောကြား

၁၅ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)

ဗကြီး

ယခုသီတင်းပတ်အတွင်း ဂျပန်နိုင်ငံမှာ စတင်ကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲအတွက် နေရာချထားပေးရာမှာ အဆိုးရွားဆုံးအခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ တောင်ကိုရီးယား အရာရှိတွေက အေအက်ဖ်ပီသတင်းဌာနသို့ စက်တင်ဘာ ၁၄ ရက်က သတိပေးပြောကြားပါတယ်။

သင်္ဘောကွန်တိန်နာပုံစံ ယာယီနေရာတွေဟာ ကစားသမားတွေ နေထိုင်ဖို့အတွက် ကျဉ်းလွန်းနေတယ်လို့ တောင်ကိုရီးယား ဘက်စကက်ဘောအသင်း အကြီးအကဲက ပြောကြားပါတယ်။

အားကစားပွဲစီစဉ်သူများက အားကစားပြိုင်ပွဲအတွက် နေထိုင်ဖို့ ကျေးရွာသတ်မှတ်ထားတာ မရှိဘဲ အပျော်စီးသင်္ဘောတစ်စီးမှာ ယာယီသစ်သားခန်းတွေနဲ့ ဟိုတယ်ခန်းတွေမှာပဲ နေထိုင်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

အာဏာပိုင်များက ကုန်ကျစရိန် လျှော့ချရေး ကြိုးပမ်းတဲ့အနေနဲ့ အဲဒီလိုအစီအစဉ်တွေ ချမှတ်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

နာဂိုယာမြို့နဲ့ အီအိချီပြည်နယ်မှာ ကျင်းပမယ့် အာရှအားကစားပွဲများကို စက်တင်ဘာ ၁၉ ရက်မှာ တရားဝင်ဖွင့်လှစ်မှာဖြစ်ပေမယ့် ဘောလုံးပွဲတွေနဲ့ ဘက်စကတ်စ်ဘောပွဲတွေ ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။

မိမိတို့ ဘတ်စကတ်ဘောအသင်းသားများ နေထိုင်ရတဲ့ နေရာနဲ့ပတ်သက်လို့ များစွာမပျော်ရွှင်ဖြစ်ရကြောင်း မိမိရဲ့ အတွေ့အကြုံအရ လက်ရှိနေရာချထားပေးမှုဟာ အဆိုဝါးဆုံး အခြေအနေဖြစ်တယ်လို့ တောင်ကိုရီးယား ဘတ်စ်ကတ်ဘောအသင်းချုပ် ဥက္ကဋ္ဌ ဂျောင်ဂျေးယောင်က ပြောကြားပါတယ်။

အရပ် (၆)ပေကျော် သို့မဟုတ် နှစ်မီတာ ရှည်တဲ့ အားကစားသမားတွေဟာ ကုတင်တွေပေါ်မှာ ခြေထောက်တောင် ဆန့်လို့ မရဖြစ်နေပြီး ကျွန်တော်တို့ကို ကူညီကြပါလို့ ရေးသားထားပါတယ်။

အိန္ဒိယ အားကစားအကြီးအကဲတွေကလည်း သူတို့ရဲ့ အားကစားသမားများ အသုံးပြုနေရတဲ့ နေရာတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းပြောကြားထားပါတယ်။

နာဂိုယာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်မှုကြောင့် အားကစားသမားများ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါသေးတယ်။

#အာရှအားကစားပြိုင်ပွဲ

#ကစားသမားများ

#နေရာချထားမှု

#အဆိုးဝါးဆုံး

#အခြေအနေနဲ့

#ကြုံနေရဟု

#တောင်ကိုရီးယားပြောကြား

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin