Language:

ဘန်ကောက်မြို့မှာ အသက် ၇၀ နှစ်အရွယ် အမျိုးသမီး Pitbull ခွေးအကိုက်ခံရလို့ သေဆုံး


ဘန်ကောက်မြို့မှာ အသက် ၇၀ နှစ်အရွယ် အမျိုးသမီး Pitbull ခွေးအကိုက်ခံရလို့ သေဆုံး

၁၀ စက်တင်ဘာ ၂၀၂၆

ဇင်ကြီး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဘွင်ကွမ်းခရိုင်၊ နဝမင်း ၁၁၁ လမ်းရှိ နေအိမ်မှာ ဩဂုတ် ၉ ရက် ညပိုင်းက ဘန်ဒေါ့မျိုးစပ် ပစ်ဘူးလ်ခွေး “ဂျိုင်ယန့်” ၏ ကိုက်ခဲတိုက်ခိုက်မှုကြောင့် အသက် ၇၀ ခန့်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရတယ်လို့ ထိုင်းသတင်းဖော်ပြချက်တွေအရ သိရပါတယ်။

ဖြစ်စဉ်မှာ အမျိုးသမီးက ဂျိုင်ယန့်ကို ရေချိုးပေးပြီးနောက် ကိုယ်သုတ်ပေးကာ လည်ပင်းကြိုးပတ်၍ ခွေးလည်ပတ်တပ်ဆင်ရန် ပြင်ဆင်နေစဉ် ခွေးကရုန်းကန်ပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ထိုနောက် အခင်းဖြစ်ပွားရာသို့ ည ၈ နာရီခန့်က ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ကျဆရာဝန်နဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့ရာ ခွေးကိုက်ခံရတဲ့ အမျိုးသမီးရဲ့ မျက်နှာ၊ လည်ပင်းနဲ့ ညာဘက်လက်တို့မှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိထားတယ်လို့ ဆိုပါတယ်။

ခွေးကိုက်ခံရတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို သွေးအိုင်အတွင်း လဲကျသေဆုံးနေတာကို တွေ့ရှိခဲ့ရပြီး စစ်ဆေးချက်များအရ ဂျိုင်ယန့်မှာ အသက် ၇ နှစ်ခန့်ရှိပြီး ဘန်ဒေါ့ခွေးမျိုး (သို့) ပစ်ဘူးလ်မျိုးစပ်ခွေးလို့လည်း ဆိုပါတယ်။

ဂျိုင်ယန့်သည် ယခုဖြစ်စဉ်မတိုင်မီ ၂၀၂၁ ခုနှစ်ကလည်း ၎င်းရဲ့ ပိုင်ရှင်ဖြစ်သူ အသက် ၅၆ နှစ်အရွယ် ဝီဆစ်ကို ကိုက်ခဲခဲ့ဖူးပြီး ပြင်းထန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကာ ထိုစဉ်က ဂျိုင်ယန့်မှာ အသက် ၂ နှစ်ခန့်သာရှိပြီး အသက် ၃ လ အရွယ်ကတည်းက မွေးမြူထားတဲ့ ခွေးဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်အပြီး ဂျိုင်ယန့်ကို Pitbull Zone Club က လက်ခံစောင့်ရှောက်ခဲ့ပြီး လက်ရှိ ဂျိုင်ယန့်ကို ဘန်ကောက်မြို့တော် စီမံအုပ်ချုပ်ရေးအဖွဲ့ (BMA) နဲ့ ဒေသခံမွေးမြူရေးဌာန တာဝန်ရှိသူတွေက ပရာဝက်ခရိုင်ရှိ ခွေးစောင့်ရှောက်ရေးစခန်းသို့ ပို့ဆောင်ရန် ညှိနှိုင်းဆောင်ရွက်နေပါတယ်။

#အသက်၇၀နှစ်အရွယ်အမျိုးသမီး

#ပစ်ဘူးလ်ခွေး

#လဲကျသေဆုံး

#ဘန်ကောက်မြို့

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin