Language:

တံတားဦးလေဆိပ် ဒရုန်းတိုက်ခိုက်ခံရပြီး လေယာဉ်ဆင်းသက်ခွင့် ခေတ္တရပ်တန့်ထားရ


တံတားဦးလေဆိပ် ဒရုန်းတိုက်ခိုက်ခံရပြီး လေယာဉ်ဆင်းသက်ခွင့် ခေတ္တရပ်တန့်ထားရ

၁၀ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

မန္တလေးက နိုင်ငံတကာလေဆိပ်ဖြစ်တဲ့ တံတားဦးလေဆိပ်ကို ဒီနေ့ စက်တင်ဘာ(၁၀)ရက်နေ့ နေလည်ပိုင်းက ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လေဆိပ်ကိုဆင်းမယ့် လေယာဉ်များ ထွက်ခွါလာတဲ့ လေဆိပ်တွေမှာ ပြန်လည်ဆင်းသက် ရပ်နားနေရတယ်လို့ သိရှိရပါတယ်။

ဒရုန်းတိုက်ခိုက်ခံရမှုမှာ တံတားဦးလေဆိပ် အဆောက်အဦတွေကို ထိခိုက်ခြင်းမရှိဘူးလို့ စုံစမ်းသိရှိရပြီး လေဆိပ်အနီးဝန်းကျင်မှာသာ ဒရုန်းကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရှိရပါတယ်။

“တာချီလိတ်က တက်သွားတဲ့လေယာဉ် မန္တလေးမှာ ဆင်းလို့မရလို့လို့ တာချီလိတ်လေဆိပ်မှာဘဲ ပြန်လာဆင်းပြီး ရပ်နားထားရတယ်။ မန်းလေး လေဆိပ်အဆောက်အဦတွေတော့ မထိဘူးလို့ပြောတယ်”လို့ လေဆိပ်နဲ့နီးစပ်သူတစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။

တံတားဦးလေဆိပ်မှာ ဆင်းသက်မယ့် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)နဲ့ မန်းရတနာပုံလေကြောင်းလိုင်းက လေယာဉ်(၂)စီး တာချီလိတ် လေဆိပ်မှာလက်ရှိ ရပ်နားထားရတယ်လို့ သိရှိရပါတယ်။

တံတားဦးလေဆိပ်တိုက်ခိုက်ခံရမှုနဲ့ပါတ်သတ်ပြီး ထိခိုက်ပျက်စီးမှုကို အတိအကျသိရှိရခြင်းမရှိပေမယ့် မန္တလေး တံတားဦးလေဆိပ်ကို ဆင်းသက်မယ့် လေယာဉ်တွေအားလုံး မူလပျံတက်ရာ လေဆိပ်တွေမှာ ပြန်လည်ဆိုက်ကပ်ရပ်နားရတယ်လို့ သိရှိရပါတယ်။

#လေဆိပ်

#ဒရုန်း

#တိုက်ခိုက်မှု

#တံတားဦး

#မန္တလေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin