၄ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)
ဗကြီး
၂၀၂၆ နန်းတော် ထိုင်းဘုရင့်ဖောင်တော်များ စီတန်းလှည့်လည်ပွဲကို နိုဝင်ဘာ (၆) ရက်မှာ ကျင်းပမှာဖြစ်လို့ လက်တလောမှာတော့ ထိုင်းဘုရင့်ဖောင်တော် လေ့ကျင့်လှေလှော်မှုများ စတင်နေပါတယ်။
နန်းတော်အခမ်းအနားမတိုင်ခင် ဘုရင့်ဖောင်တော်များ ရာမ-(၈) တံတားကနေ ဝတ်အရွန် စေတီတော်သို့ လှော်ခတ်မောင်းနှင် လေ့ကျင်မှုများအား ပရိသတ်တွေအနေနဲ့ မြစ်ကမ်းနေရာ (၇)နေရာကနေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
၂၀၂၆ နန်းတော် ဖောင်တော်များ စီတန်းလှည့်လည်ပွဲအတွက် ထိုင်းတော်ဝင်ရေတပ်က စက်တင်ဘာလအတွင်း အသေးစားလေ့ကျင့်မှု(၄)ခုအနေနဲ့ စက်တင်ဘာ ၃ ရက်ကစတင်ပြီး စက်တင်ဘာ ၂၃ ရက် အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ထိုင်းနန်းတော်ရဲ့ ဘုရင့်ဖောင်တော်တွေဟာ ရာမ (၈) တံတားကနေ နေ့လည် ၃ နာရီ စတင် ထွက်ခွာမှာဖြစ်ပြီး ရတ်ချာဝါရာမဟာဝီဟန်ဒေသရှိ ဝတ်အရွန် စေတီတော်အနီးမှား လေ့ကျင့်လှော်ခတ်မှု အစီအစဉ် ပြီးဆုံးမှာဖြစ်ပါတယ်။
အဆိုပါ သင်္ဃန်းကပ်လှူပူဇော်ပွဲအား မိဖုရား ဆူသီတာရဲ့ ၄၈ နှစ်မြောက် မွေးနေ့ အခါသမယအတွက် ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။
သင်္ဃန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၆ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး နန်းတော်ရဲ့ သင်္ဃန်းများလှူဒါန်းမယ့်ဘုရင်ရဲ့ မြစ်ကြောင်းခရီးစဉ်အတွက် အခုလို ဖောင်တော်တွေကို လှော်ခတ်လေ့ကျင့်နေတာ ဖြစ်ပါတယ်။
အဆိုပါ ဘုရင့်ဖောင်တော်များ လေ့ကျင့်လှော်ခတ်မှုတွေကို စက်တင်ဘာ ၂၃ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး ဘန်ကောက်မြို့ရှိ ချာအိုဖရာယာ မြစ်ကမ်းပါးနှစ်ဖက်က ပရိသတ်တွေ ကြည့်ရှုနိုင်မယ့် နေရာများအား ထိုင်းတော်ဝင်ရေတပ်က သတ်မှတ်ပေးထားပါတယ်။
အဆိုပါ ဖောင်တော်များ လှော်ခတ်မောင်းနှင် လေ့ကျင့်မှုကို ထိုင်းဝန်ကြီးချုပ် အနုတင်ကိုယ်တိုင် လာရောက်ကြည့်ရှုသွားမှာဖြစ်ပါတယ်။
ထိုင်းတော်ဝင် ရေတပ်ရဲ့ အဲဒီလို လေ့ကျင့်မှုများအား နိုဝင်ဘာ ၆ ရက် အခမ်းအနားမတိုင်ခင် အပတ်စဉ်ပြုလုပ်သွားဦးမှာဖြစ်ကြောင်း သိရပါတယ်။

