၄ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)
ဖိုးစည်
ဧရာဝတီတိုင်း လေးမျက်နှာမြိုနယ်မှာ (၁) လကျော်ကြာ ရေဘေးကြုံနေရတဲ့ နောက်ထပ်တာတစ်ခု ဖြစ်တဲ့ ထိန်ငူတာ မြေသားအိကျမှုဖြစ်ခဲ့ပေမယ့် အရေးပေါ်ပြုပြင်ထားပြီး စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ ဒေသခံအာဏာပိုင်ေတွဆီက သိရပါတယ်။
ဧရာဝတီတိုင်း လေးမျက်နှာမြိုနယ် ထိန်ငူကျေးရွာအနီးရှိက ငဝန်မြစ်ကို ကာထားတဲ့ ရေကာတာရဲ့ မိုင် ၂၀ အနီးမှာ မနေ့က စက်တင်ဘာလ (၃)ရက် မနက် (၁၀) နာရီဝန်းကျင်က ပေ ၅၀ ဝန်းကျင်လောက် တာအိကျသွားတာလို ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
အဲ့ဒီတာအိကျတဲ့နေရာကို ဟင်္သာတခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ ဆည်မြောင်းဦးစီးဌာန ဝန်ထမ်းများနဲ့ ဒေသခံများပူးပေါင်းပြီး သဲအိတ်ဖိုခြင်း၊ ဝါးတုတ်ရိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
“လောလောဆယ်တော့ ဘာမှစိုးရိမ်စရာ မရှိပါဘူး။ အချိန်မီဝိုင်းပြီး ပြင်ဆင်နေပါတယ်” လို ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာနမှူး (ကွပ်ကဲရေးရုံး)က တာဝန်ရှိသူတစ်ဦးက အရှေ့သံလွင် သတင်းမီဒီယာကို ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုနဲ့ မြစ်ရေများ ကြီးမြင့်လာမှုတွေကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ လေးမျက်နှာမြိုနယ်အတွင်းက မြစ်ကျိုးတာ ကျိုးပေါက်ခဲ့တဲ့အတွက် လေးမျက်နှာအပါအဝင် မြို့နယ် ၆ ခုလောက်မှာ လနဲ့ချီကြာအောင် ရေဘေးသင့်ခဲ့ရပြီး ဒေသခံပြည်သူ သိန်းနဲ့ချီ ရေဘေးဒဏ်ခံခဲ့ရတာပါ။
ဒါ့အပြင် ပြီစခဲ့တဲ့ သြဂုတ်လလယ်ပိုင်းကလည်း ဧရာဝတီတိုင်း ညောင်တုန်းမြိုနယ်အတွင်းက ဂန်ချောင်း-ထုံးဝတာ ကျိုးပဲ့ခဲ့လို အရေးပေါ်ပြင်ဆင်ခဲ့ရတဲ့အပြင် အနီးအနားက လူနေအိမ်တွေနဲ့ စိုက်ပျိုးရေးခြံတွေ ရွှေ့ပေးခဲ့ရပါသေးတယ်။
ထိန်ငူတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀) ကျော် ၁၉၉၁ ခုနှစ်က တစ်ကြိမ်ကျိုးကျခဲ့ဖူးပြီး ဧရာဝတီတိုင်းအတွင်းမှာ အဆိုးရွားဆုံးရေဘေးအခြေအနေကို ကြုံတွေ့ခဲ့ရဖူးပါတယ်။

