Language:

ရေဘေးသင့်ဒေသတွေဆီ ကယ်ဆယ်ရေး ပစ္စည်း (၈) တန်ဆံ့ (၆) ဘီးကားတွေနဲ့ ပို့ဆောင်ဖို့ ကားနဲ့ စက်လှေတွေ WFP က ကူညီထောက်ပံ့မယ်


ရေဘေးသင့်ဒေသတွေဆီ ကယ်ဆယ်ရေး ပစ္စည်း (၈) တန်ဆံ့ (၆) ဘီးကားတွေနဲ့ ပို့ဆောင်ဖို့ ကားနဲ့ စက်လှေတွေ WFP က ကူညီထောက်ပံ့မယ်

၃ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

ဧရာဝတီတိုင်းဒေသကြီးထဲက ရေဘေးသင့်ပြည်သူတွေထံ ကယ်ဆယ်ရေးပစ္စည်းတွေကို လိုအပ်တဲ့နေရာတွေဆီ အချိန်မီ ရောက်ရှိနိုင်ဖို့ စက်လှေတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ကူညီသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လူမှုကူညီရေးအသင်းတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ယူပို့ဆောင်နိုင်ဖို့ အခမဲ့ စက်လှေတွေထောက်ပံ့ကူညီသွားမှာပါ။

WFP အနေနဲ့ ၂၅ တန်ကနေ ၃၀ တန်အထိ တင်ဆောင်နိုင်တဲ့ ကုန်တင်လှေကြီးတွေ၊ ရေကြည်-ငါးသိုင်းချောင်း လမ်းကြောင်းအတွက် ၈ တန်ဆံ့ ၆ ဘီးကားတွေနဲ့ ကျေးရွာတွေအထိ ဝင်ရောက်ပို့ဆောင်ပေးနိုင်မယ့် စက်လှေငယ်တွေကို ဌားရမ်းခွင့်ပြုသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ လေးမျက်နှာ၊ ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေကို အဓိကထားကာ သယ်ယူပို့ဆောင်ရေး အကူအညီတွေ ပေးနေပြီး လိုအပ်ချက်နဲ့ သွားလာနိုင်တဲ့ အခြေအနေတွေအပေါ် မူတည်ကာ တခြားဒေသတွေကိုလည်း တိုးချဲ့ ကူညီေပးသွားဖို့ ရှိပါတယ်။

WFP ရဲ့ အခမဲ့သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုဟာ စားနပ်ရိက္ခာ၊ ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာ ပစ္စည်းတွေ (WASH)၊ အမိုးအကာနဲ့ ဆေးဝါးတွေလို ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးဖို့အတွက်သာ ဖြစ်ပြီး ခရီးသည်ပို့ဆောင်တာ လူတွေကို နေရာရွှေ့ပြောင်းပေးတာတွေ ပါဝင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ရေဘေးကူညီရေးပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ အကူအညီလိုအပ်တဲ့ လူမှုကူညီရေးအသင်းတွေနဲ့ အဖွဲ့စည်းတွေအနေနဲ့ သယ်ယူမယ့် ပစ္စည်းတွေရဲ့ အချက်အလက်တွေကို WFP ထံ အနည်းဆုံး ၂၄ နာရီကနေ ၄၈ နာရီအထိ ကြိုတင်အကြောင်းကြားပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

WFP မြန်မာရုံးကိုတော့ ၀၉ ၈၈၆၀ ၈၆၇၈၇ နဲ့ ၀၉ ၄၀၃၇၀ ၉၉၅၄ ဖုန်းနံပါတ်တွေကနေ ဆက်သွယ်နိုင်ကာ WFP အနေနဲ့ ဧရာဝတီတိုင်းဒေသကြီးအပြင် စစ်ကိုင်းတိုင်းဒေသကြီးမှာလည်း ရေဘေးတုံ့ပြန်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်နေပြီး စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီး နှစ်ခုမှာ ရေဘေးသင့်ပြည်သူ စုစုပေါင်း ၁၅,၀၀၀ ခန့်ကို ကူညီထောက်ပံ့ပေးပြီးဖြစ်တယ်လို့ သိရပါတယ်။

#သဘာ၀ဘေး

#ဧရာ၀တီတိုင်း

#ရေဘေးသင့်ဒေသ

#ကယ်ဆယ်ရေးပစ္စည်း

#WFP

#ကူညီထောက်ပံ့

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin