Language:

မူးယစ်မှောင်ခိုသမားတွေဆီက “ဝ”တပ်ဖွဲ့ စိတ်ကြွဆေးပြားများ ဖမ်းဆီး


မူးယစ်မှောင်ခိုသမားတွေဆီက “ဝ”တပ်ဖွဲ့ စိတ်ကြွဆေးပြားများ ဖမ်းဆီး

၃၁ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

“ဝ”တောင်ပိုင် စစ်ဒေသ(၁၇၁) ထိန်းချုပ်နယ်မြေထဲက မူးယစ်ဆေးဝါးမှောင်ခိုသယ်ယူသူတွေဆီက စိတ်ကြွဆေးပြား အလုံးရေ(၂.၇)သန်း ဖမ်းဆီးရမိတယ်လို့ “ဝ”တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိတဲ့ ဧရိယာမှာ ထိုင်း-မြန်မာ နယ်ခြားမှတ်တိုင်အမှတ် – ၁ (BP1) အနီး မူးယစ်ဆေးဝါးသတင်းကြိုတင်ရရှိလို့ စောင့်ဆိုင်းဖမ်းဆီးခဲ့တာဖြစ်တယ်လို့ Wa News Land က ထုတ်ပြန်ထားပါတယ်။

“ဝ”တပ်ဖွဲ့ ဟာ စိတ်ကြွဆေးပြားပေါင်း(၂.၇)သန်းကို ဖမ်းဆီးသိမ်းဆည်းနိုင်ခဲ့ပေမယ့် မူယစ်မှောင်ခိုဂိုဏ်း အဖွဲ့ဝင်(၁၅)ယောက်ကိုတော့ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိဘဲ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရှိရပါတယ်။

“အဲ့နားက “ဝ”တပ်ဖွဲ့ကော်၊ နယ်ခြားစောင့်တပ်ကော်၊ တပ်မတော်ပါ စစ်စခန်းနဲ့ တပ်တွေ နေရာချထားကြတဲ့နေရာပါ။ သာမာန်လူတွေ ဘယ်သူမှ သိပ်မသွားကြဘူး၊ မူးယစ်မှောင်ခိုသမားတွေဘဲသွားကြတာ၊ အဲ့ဒီဘက် ရာဘာခြံတွေ အပြည့်ဘဲ “ဝ”က စိုက်ထားတာ၊ အဲ့ဒီမှာ ရာဘာခြံစိုက်တဲ့သူတွေ ရွာသားတွေလဲ နေကြတယ်၊ BP 1 ဂိတ်ပိတ်ထားတာကြာပါပြီ”လို့ ပုံပါကျင်မြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

နယ်ခြားမှတ်တိုင် အမှတ်(၁) BP 1 အနီး ပုံပါကျင်မြို့နဲ့ နားကောင်းမှုကျေးရွာဘက်မှာ ပြည်သူ့စစ်လက်နက်ကိုင်နဲ့ “ဝ”တပ်ဖွဲ့အပါအဝင် လက်နက်ကိုင်ပေါင်းစုံ အခြေချကျက်စားနေကြတာဖြစ်ပါတယ်။

ယခင်က တာချီလိတ်မြို့နယ်အတွင်း ထိုင်းနိုင်ငံက ထွက်ပြေးတိမ်းရှောင်လာတဲ့ မူးယစ်တရားခံပြေးတွေဟာ ယခုနောက်ပိုင်း နားကောင်းမှုအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကာအကွယ်နဲ့ မူးယစ်ကုန်သွယ်မှုအပါအဝင် မူးယစ်ဆေးချက်လုပ်ငန်းတွေကို လုပ်ကိုင်နေတာလဲ ရှိတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

ပုံပါကျင်မြို့နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့က UWSA “ဝ”တပ်ဖွဲ့က လားဟူပြည်သူ့စစ်တပ်ဖွဲ့ရဲ့ ကားအား စစ်ဆေးဖို့ ရပ်တန့်ခိုင်းခဲ့ရာမှာ လားဟူပြည်သူ့စစ်တပ်ဖွဲ့က စတင်ပစ်ခတ်ခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။

#မူးယစ်မှောင်ခို

#UWSA

#BP1

#ပုံပါကျင်

#စစ်ဒေသ၁၇၁

#ရှမ်းအရှေ့

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin