၂၉ ဩဂုတ်လ ၂၀၂၆ (Eastren Thanlwin)
Nc
လီဗာပူး vs နော်တင်ဟမ် ဖောရက်စ်
လီဗာပူးရဲ့ ပထမဆုံး အိမ်ကွင်းပွဲမှာ ဘရက်ဒလီ ၊အီကီတီကေ၊ လီယိုနီ၊ ဂိုမက်ဇ်၊ ခီယေဇာ တို့ ဒဏ်ရာကြောင့်လွဲချော်မှာြဖစ်သလို ဖောရက်ကတော့ ဆန်ဂါရေးနဲ့ ဆာဗိုနာ တို့ ပါလာနိုင်မှာမဟုတ်ပေမယ့် ဂစ်ဘ်စ်ဝှိုက်နဲ့ ရိုင်ယန် ယိတ်စ် တို့ပြန်လည်ပါဝင်နိုင်ဖို့ရှိနေတာက နည်းပြ ဂလက်စ်နာအတွက် အားတက်စရာပါ။
ဂလက်စ်နာရဲ့ ဖောရက်စ်ဟာ ပွဲစဉ် ၁ နဲ့ EFL Cup မှာ လိဒ်ကို အိမ်ကွင်း ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ပေမယ့် ကစားပုံကတော့ အညံ့ကြီးမဟုတ်ခဲ့ပါဘူး။ ဘောလုံးကိုင်ကစားတာ၊ ဖြတ်တင်ဘောပေးတာ၊ အစောပိုင်း ခံစစ်ကစားတာတွေ ကောင်းမွန်ပေမဲ့ ဒုတိယပိုင်းနဲ့ ပြိုင်ဘက်ကို ဦးဆောင်ဂိုးပေးလိုက်ရရင် ကွင်းလည်နဲ့ ခံစစ်ကြား ကစားပုံလျော့ရဲလာပြီး နေရာလွတ်တွေပေါ်လာတက်တာပါ။ ဖောရက်ရဲ့ အဓိကပြဿနာက Box နဲ့ Final Third Zone နားရောက်လာရင် Final pass / Final shot တွေ ပျောက်ဆုံးနေတာ ကစားခဲ့တဲ့ ၂ ပွဲလုံးမှာ အထင်းသားပေါ်လွင်နေပြီး အခုချိန်ထိလည်း မပြင်ဆင်နိုင်သေးတာဖြစ်ပါတယ်။
အီရာအိုလာရဲ့ လီဗာပူးကတော့ အဖွင့်ပွဲမှာ နယူးကာဆယ်နဲ့ သရေကျခဲ့ပီး ခြေစွမ်းပိုင်းအရ သာလွန်ခဲ့ပါပေမယ့် တိုက်စစ်စတင်ချိန် ဘောလုံးဆုံးရှုံးသွားရင် ခံစစ်ပြန်ကူပြောင်းရာမှာ အားနည်ချက်တွေရှိနေပြီး အဲ့အားနည်းချက်ကဘဲ ၂ ဂိုးအထိ ခွင့်ပြုလိုက်ရတာပါ။ တိုက်စစ်ပိုင်း ဖန်တီးမှုအားကောင်းပေမယ့် အဆုံးသတ်ပိုင်းလိုအပ်ချက်တွေ ရှိနေတာကိုတော့ အီကီတီကေ မပါနိုင်သေးတာကြောင့် အီဆက်ကိုဘဲမျှော်လင့်ရမှာပါ။
ဖောရက်ဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ ၄ ယောက် အထိပြောင်းပီး နည်းပြတွေကို စိတ်မရှည်ဆုံးစံချိန်ရယူထားတာကြောင့် ရှုံးပွဲဆက်နေချိန် လီဗာပူးလ်ရဲ့ အိမ်ကွင်းမှာသွားကန်ရမှာကတော့ ဂလက်စ်နာအတွက် ဘုရားတနေရမဲ့ အနေအထားပါ။ ဂလက်စ်နာအတွက် စာနာပေမယ့် ခံစစစ်အမှားကနေ နယူးကာဆဲလ်နဲ့ပွဲကလို စောစောစီးစီး ဂိုးမပေးရဘူးဆိုရင် လီဗာပူးလ်အတွက်တော့ အနိုင်သေချာနေမယ်ထင်ပါတယ်။ ဂလက်စ်နာရဲ့ ဖောရက် ကံအရမ်းကောင်းမှ ၁ မှတ် လောက်ဘဲ မှန်းနိုင်မှာဖြစ်လို့ ၃-၀၊ ၂-၀ လောက် အထိ ဂိုးပြတ်သွားနိုင်မှာပါ။

