Language:

နီပေါလ်-တိဗက် နယ်စပ် မြေပြိုမှုကြောင့် ရေအိုင်ကြီး ဖြစ်ပေါ်လာပြီး ရေလျှံမှုကြောင့် ရေဘေးအန္တရာယ် ဆက်လက်ဆိုးရွားလာနိုင်


နီပေါလ်-တိဗက် နယ်စပ် မြေပြိုမှုကြောင့် ရေအိုင်ကြီး ဖြစ်ပေါ်လာပြီး ရေလျှံမှုကြောင့် ရေဘေးအန္တရာယ် ဆက်လက်ဆိုးရွားလာနိုင်

၂၈ သြဂုတ်လ ၂၀၂၆ (Eastern Thanlwin)

ဗကြီး

နီပေါလ်နဲ့တရုတ် နယ်စပ်မှာ ရေခဲမြစ် ကျိုးပေါက်က်ပြီး မြေပြိုမှုများကြောင့် ဖြစ်ပေါ်လာတဲ့ ရေအိုင်ကြီးတစ်ခု သြဂုတ်လ ၂၈ရက်က ရေလျှံထွက်မှုများ ဖြစ်နေပြီး မြေနိမ့်ပိုင်း ဒေသများ နောက်ထပ်ရေဘေးနဲ့ ကြုံနိုင်တဲ့အန္တရာယ်ရှိကြောင်း နှစ်နိုင်ငံအရာရှိများက သတိပေးထားပါတယ်။

မြေပြိုမှုကြောင့် ဖြစ်လာတဲ့ ရေအိုင်ကြီးရေလျှံနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများလည်း ရပ်ဆိုင်းထားရကြောင်း တရုတ်နဲ့ နီပေါလ်အရာရှိများက ပြောကြားပါတယ်။

တိဗက်ဒေသနဲ့ ထိစပ်နေတဲ့ နီပေါလ်နယ်စပ်က ဒေသခံတွေ ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာတာကြောင့် ကုန်မြင့်နေရာတွေဆီ ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

ရေအိုင်ကြီး ကမ်းပါးကျိုးပေါက်နိုင်တဲ့ အန္တရာယ်ရှိတာကြောင့် တရုတ်ကယ်ဆယ်ရေးဝန်ထမ်းများနဲ့ မော်တော်ယာဉ်များ စက်ယန္တယားများအားလုံး ဘေးကင်းရာဒေသတစ်ခုသို့ ဆုတ်ခွာပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းထားရတယ်လို့ တရုတ် ရုပ်သံသတင်းဌာန CCTV က သြဂုတ်လ ၂၈ရက်က ဖော်ပြပါတယ်။

နီပေါလ် အရာရှိတွေကလည်း လာမယ့်မိနစ် ၉၀ အတွက် ကယ်ဆယ်ရေးလုပ်ငန်းများအား ရပ်တန့်ထားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။

သြဂုတ်လ ၂၆ ရက်က ဒေသတွင်း ရေခဲမြစ် ကျိုးပေါက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ နီပေါလ်နိုင်ငံရေဘေးအတွင်း သေဆုံးသူ ၅၀၀နီးပါးရှိလာပြီး နှစ်နိုင်ငံနယ်စပ်မှာ ပျောက်ဆုံးနေသူ ၁၀၀၀ နီးပါးရှိပါတယ်။

ရေခဲမြစ် ကျိုးပေါက်ပြီးနောက် ဟိမဝန္တာ တောင်တန်းတလျောက် ကျောက်သားများ၊ ရေခဲထုများ ရွှံ့နွံများ အောက်ဖက်မြေနိမ့်ပိုင်းသို့ ပြိုကျသွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါရေခဲမြစ် ကျိုးပေါက်မှုကြောင့် ရေအိုင်ကြီးတစ်အိုင် ဖြစ်ပေါ်လာပြီး ရေအိုင်ကမ်းပါးများ ကျိုးပေါက်နိုင်တာကြောင့် အောက်ပိုင်းဒေသများ ရေဘေးဆက်လက်ကြုံတွေ့ နိုင်တယ်လို့ အရာရှိတွေက သတိပေးထားပါတယ်။

သြဂုတ်လ ၂၇ ရက်က အဆိုပါရေကန်ရေထု ကုဗမီတာ ၁ ဒဿမ ၅ သန်းကနေ ၂သန်းလောက်အထိပဲရှိခဲ့တာဖြစ်ပြီး ၂၈ ရက်မှာ ၂ ဒဿမ ၅ သန်း ကုဗမီတာအထိ ရှိလာနေပြီလို့ တရုတ်ပညာရှင်များက ပြောကြားပါတယ်။

#သဘာ၀ဘေး

#နီပေါ

#ရေကြီးနစ်မြုပ်မှု

#မြေပြိုမှု

#ရေခဲမြစ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin