Language:

အရှေ့သံလွင်မီဒီယာရဲ့ အားကစားသတင်း ပွဲကြိုခန့်မှန်းချက်


အရှေ့သံလွင်မီဒီယာရဲ့ အားကစားသတင်း ပွဲကြိုခန့်မှန်းချက်

၂၈ ဩဂုတ်လ ၂၀၂၆ (Eastren Thanlwin)

Nc

နည်းပြသစ်အတွက် ပထမဦးဆုံး ပရီးမီးယားလိဂ် ရမှတ်ယူသွားပေးနိုင်မလား ပဲလေ့စ်

ပဲလေ့စ် vs မန်စီးတီး

ပရီးမီးယာလိဂ်ပွဲစဉ် ၂ ရဲ့ အစောဆုံးပွဲအဖြစ် ယနေ့ည စနေနေ့မနက် ၁း၃၀ မှာ ပဲလေ့စ်အိမ်ကွင်းကို မန်စီးတီးတို့ သွားကစားရမှာပါ။

Sage ရဲ့ ပရီးမီးယားလိဂ် ပထမဆုံးပွဲထွက်မှာတော့ အရှုံးနဲ့အစပြုခဲ့ရတာဖြစ်ပြီး မန်စီးတီးနဲ့ပွဲကတော့ ပဲလေ့စ်နည်းပြဘ၀ ပထမဆုံး အိမ်ကွင်းပွဲကို ကိုင်တွယ်ရမှာပါ။

အသင်းရဲ့ အားကိုးရတဲ့ ခံစစ်မှုး ရီယက်ဒ်နဲ့ တိုက်စစ်ကစားသမား ဆားတို့ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်လို့ နည်းပြဖြစ်သူအတွက် စိတ်မသက်သာစရာပါ။

မာရက်ကာရဲ့ အသင်းမှာတော့ ဒိုဂူ နဲ့ နူးနက်စ်တို့ ဒဏ်ရာကြောင့် ပါလာမှာမဟုတ်ပေမယ့် ဘုန်းမောက်နဲ့ပွဲက လူစားလဲခံရတဲ့ ကွင်းလယ်လူ အန်ဒါဆန်နဲ့ အသစ်ခေါ်ယူထားတဲ့ သန်း ၁၀၀ တန် လူငယ်ကစားသမားလေး ဘူအာဒီ တို့တော့ပါဝင်လာနိုင်ခြေရှိနေပါတယ်။

မန်စီးတီးအသင်းက ဘုန်းမောက်ကို အိမ်ကွင်း ၂-၁ နဲ့ အနိုင်ရရှိတဲ့ပွဲမှာ ခံစစ်မှုး ဂွေဟီကို ကွင်းလယ်မှာထားကစားခဲ့သလို ချာကီ ကိုထည့်ပီး အသင်းရလဒ်ကို ပြောင်းလဲအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ မာရက်စ်ကာရဲ့ နည်ဗျူဟာက ကောင်းမွန်ခဲ့ပေမယ့် အသင်းအတွင်း အသားကျဖို့တော့ လိုအပ်ချက်တွေရှိနေဆဲပါ။ အဓိကတိုက်စစ်မှူး ဟာလန်ကလည်း ပရီးမီးယာလိဂ်ကို ရောက်ရှိလာပြီးနောက်ပိုင်း ရာသီအဖွင့်ပွဲစဉ်တိုင်း ဂိုးသွင်းယူနိုင်တဲ့ စံချိန်ကို မထိန်းသိမ်းနိုင်ခဲ့တာကတော့ မန်စီးတီးအတွက် စိုးရိမ်စရာအနအထားဖြစ်နေမလားစောင့်ကြည့်ရပါမယ်။

အဲဗာတန်နဲ့ပွဲမှာ ၂-၀ နဲ့ရှုံးနိမ့်ခဲ့ပေမယ့် ကစားကွက်အညံ့ကြီးမဟုတ်တဲ့ ပဲလေ့စ်ဟာ အိမ်ကွင်းမှာဆို အသင်းကြီးတွေကို ကစားရခက်ခဲစေတဲ့ အသင်းဖြစ်သလို နည်းပြသစ် Sage ကလည်း အိမ်ကွင်းမှာ သူ့ရဲ့ ပထမဆုံးပရီးမီးယားလိဂ် အမှတ်စတင်ရရှိဖို့ လန့်အသင်းကို လီဂူဝမ်းအဆင့် ၂ ရစေခဲ့တဲ့ ၃-၄-၂-၁ ပုံစံနဲ့ အစွမ်းကုန်ကြိုးစားလာဖွယ်ရှိနေတာကြောင့် မန်စီးတီးအတွက် လွယ်ကူနေမှာမဟုတ်လို့ ၁-၁၊ ဖြစ်နိုင်ခြေများပြီး မန်းစီးတီးအနိုင်ဆိုလဲ ပြတ်သာဖွယ်မရှိပါဘူး။

#မန်စီးတီး

#ပဲလေ့စ်

#ပရီးမီးယားလိဂ်

#အားကစား

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin