၁၈ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဇင်ကြီး
ထိုင်းနိုင်ငံဘန်ကောက်မြို့ သေနတ်ရောင်းဝယ်သူများအသင်းဥက္ကဌက လိုင်စင်များထုတ်ပေးတာကို ဆိုင်းငံ့မှုကြောင့် သေနတ်ရောင်းချနေတဲ့ ဆိုင်အချို့တွေမှာ ပစ္စတိုနဲ့ ရိုင်ဖယ်သေနတ်တွေအစား ယခုလက်ရှိ အချဥ်ဖောက်မုန့်တွေကို ပြောင်းလဲရောင်းချနေရတယ်လို့ သိရပါတယ်။
တချို့ သေနတ်အရောင်းဆိုင်ပိုင်ရှင်တွေကတော့ ဝန်ထမ်းများကို လစာပုံမှန်ပေးနိုင်ရန် မုန့်ဖုတ်လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်နေပြီး တချို့ဆိုင်တွေမှာတော့ ရောင်းချခွင့် ပိတ်ပင်ထားတာကြောင့် ဝန်ထန်းများအတွက် အခက်ခဲတွေရှိလာတယ်လို့ သိရပါတယ်။
သေနတ်ဆိုင်ရှင်တွေ ပြောဆိုချက်အရ အခုလိုထိန်းချုပ်လိုက်တာဟာ ပြဿနာကို မှန်ကန်တဲ့နည်းနဲ့ ဖြေရှင်းနေတာမဟုတ်ဘူးလို့ပြောကာ မှန်ကန်တဲ့နေရာမှာ ဖြေရှင်းမယ်ဆိုရင် ရာဇဝတ်မှုတွေ လျော့ကျလာမှာလို့ပြောဆိုပြီး သေနတ်တင်သွင်းခွင့် ပိတ်ပင်ထားတာကိုလည်း ပြန်လည်ရုပ်သိမ်းပေးဖို့ မျှော်လင့်နေတယ်လို့သိရပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွင်း သုတေသနအဖွဲ့အစည်းတွေခန့်မှန်းချက်အရ အရပ်သားလက်နတ်ကိုင်ဆောင်မှုအရေအတွက်ဟာ (၁၀.၃) သန်းကျော်ရှိပြီး (၆) သန်းကျော်မှာ မှတ်ပုံတင်ထားတဲ့ သေနတ်တွေဖြစ်ကာ တစ်နှစ်လျှင် ဘတ် (၂) ဘီလီလျံခန့်ရှိပြီး ပါကစ္စတန်ပြီးလျှင် အာရှမှာ အရပ်သားတစ်ဦးချင်း သေနတ်ကိုက်ဆောင်မှု ဒုတိယများဆုံး နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံအတွင်း စာသင်ကျောင်းတွေနဲ့ အရပ်သားများသေဆုံးတဲ့ ပြစ်ခတ်မှုတွေ အကြိမ်ကြိမ်ဖြစ်ပွားနေတာကြောင့် သေနတ်ထိန်းချုပ်ရေး စည်းမျဥ်းများကို ပိုမိုတင်းကျပ်ထားပြီး လက်နက်တွေနဲ့ပတ်သက်ရင် နေရာတိုင်းမှာ သေချာစစ်ဆေးကြပ်မတ်သင့်တယ်လို့လည်း ပြောဆိုထားပါတယ်။

