၁၈ ဩဂုတ်လ (Eastren Thanlwin)
Nc
ဩဂုတ်လ ၂၁ ရက်နေ့မှာ ၂၆/၂၇ ပရီးမီးယားလိဂ် ဘောလုံးရာသီသစ်ကို စတင်တော့မှာဖြစ်ပြီး ၎င်းရာသီအတွက် ဘောလုံးကစားသမားတွေ အချိန်ဆွဲခြင်း အချိန်ဖြုန်းခြင်းကို ကာကွယ်နိုင်ရန် စည်းမျဉ်းသစ် ၄ ခုနဲ့ အခြားအချက်အလက်များကို ဇွန်လ ၁၂ ရက်နေ့က ပရီးမီးယာလိဂ်အဖွဲ့ချုပ်က ပြောင်းလဲထုတ်ပြန် ခဲ့ပါတယ်။
ဒဏ်ရာရကစားသမားဟာ ကွင်းအတွင်း ဆေးစစ်ခံမှုတွေ ဆေးကုသမှုတွေအပြီးမှာ ကွင်းပြင်ပမှာ ၁ မိနစ် စောင့်ဆိုင်းပီးမှ ကွင်းအတွင်း ပြန်လည်ဝင်ရောက်ကစားရမှာပါ။ ယခင်နှစ်ဘောလုံးရာသီတွေက သက်မှတ်ထားတဲ့ ကွင်းအတွင်း ပြန်ဝင်ရချိန်ထက် စက္ကန့် ၃၀ တိုးမြှင့်လိုက်တာဖြစ်ပြီး ကစားသမားများ ဒဏ်ရာရဟန်ဆောင်ပြီး အချိန်ဖြုန်းတာကို လျော့ချနိုင်ဖို့ ရည်ရွယ်ထားတာပါ။
လက်ပစ်ဘောနဲ့ ဂိုးလွန်ဘောများအတွက် ပွဲပြန်စဖို့ သတ်မှတ်ပေးထားတဲ့ ၅ စက္ကန့်ထက် ကျော်လွန်ပြီး သိသာထင်ရှားစွာ အချိန်ဆွဲဖို့ တမင်နှောင့်နှေးနေပါက လက်ပစ်ဘောဆိုရင် ပြိုင်ဘက်အသင်းကို လက်ပစ်ဘော မြှောက်ခွင့်ပေးရမှာဖြစ်ပြီး ဂိုးလွန်ဘောကို အချိန်ဆွဲနေပါက ပြိုင်ဘက်အသင်းကို ထောင့်ကန်ဘောပေးရမှာဖြစ်လို့ လက်ပစ်ဘောနဲ့ ဂိုးလွန်ဘောတွေမှာ အချိန်ဆွဲတက်တဲ့ ကစားသမားများအတွက် သတင်းဆိုးပါ။
လူစားလဲပြီး အချိန်ဆွဲဖို့တွေးရင်တော့ လူစားလဲခံရတဲ့ ကစားသမားများဟာ ကွင်းအတွင်းမှ “၁၀ စက္ကန့်” အတွင်းထွက်ရမှာဖြစ်ပီး သတ်မှတ်ချိန် ကျော်ရင်တော့ လူစားဝင်ရောက်မယ့် ကစားသမားဟာ ၁ မိနစ် ပြည့်မြောက်ပြီးနောက် ပထမဆုံးပွဲရပ်နားချိန် (လက်ပစ်ဘော၊ ပြစ်ဒဏ်ဘော၊ ဂိုးလွန်ဘော)မဖြစ်မခြင်း ကွင်းအတွင်းသို့ ဝင်ရောက်ခွင့်ရမှာမဟုတ်ပါဘူး။
နှစ်ဝါ တစ်နီ ဖြစ်ခဲ့ရင်တော့ VAR ပြန်ကြည့်နိုင်တဲ့အခွင့်အရေးရှိပေမဲ့ ဒိုင်က ဒုတိယအဝါပြပြီး အနီကဒ်သတ်မှတ်ပြီးမှသာ VAR ကို ကြည့်ပြီး ပြန်လည်ဖြေရှင်းနိုင်မှာပါ။ ဒုတိယအဝါဖြစ်နိုင်ခြေကိုတော့ ဒိုင်ကို VAR ကြည့်ခိုင်းပြီး တောင်းဆိုလို့ရမှာမဟုတ်ပါဘူး။
ယခု ပြောင်းလဲဖို့သတ်မှတ်လိုက်တဲ့ စည်းမျဉ်းတွေဟာ အချိန်ဖြုန်းခြင်းနဲ့ ပွဲအရှိန်နှောင့်ယှက်တဲ့ ပရိယာယ်များကို လျှော့ချဖို့ အဓိကရယ်ရွယ်တာဖြစ်ပြီး ထိတွေ့မှုတိုင်းကို Foul မပေးဘဲ ပြင်းထန်တဲ့အခြေအနေမှာသာ အရေးယူမယ်။ VAR က ကွင်းထဲက ဒိုင်ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့ သိသာထင်ရှားတဲ့ အမှားဖြစ်မှသာ ဝင်ရောက်စစ်ဆေးခြင်း အတွက်ဆက်ထားမယ်။
VAR ဆုံးဖြတ်ချက်တွေ ပိုမြန်လာအောင်လုပ်မယ်။ ပရိသတ်တွေအနေနဲ့ VAR ဆုံးဖြတ်ချက်တွေကို ပိုမိုရှင်းလင်းနားလည်နိုင်အောင် လုပ်မယ်။ ကစားသမားတွေရဲ့ အပြုအမူကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်မယ်။ ဒိုင်ကိုလှည့်စားဖို့ တမင်တကာလုပ်တဲ့ ဟန်ဆောင်လှဲချခြင်း၊ ထိခိုက်မိသည်ထပ် ပိုမိုဟန်ဆောင်ပြခြင်းတွေကို တင်းကျပ်စွာ အရေးယူသွားမယ်စသော အချက်အလက်များကိုလဲ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က
ထုတ်ပြန်ထားပါတယ်။
#အနီကတ်၊အဝါကတ်

