Language:

ထိုင်းနိုင်ငံ ချင်းမိုင်ရှိ မွန့်ဖို့ဒ်ကောလိပ်မှာ ပစ်ခတ်တိုက်ခိုက်မယ်ဆိုတဲ့ ကျောင်းသားတွေရဲ့ မက်ဆေ့ချ်ကြောင့် အလန့်တကြားဖြစ်


ထိုင်းနိုင်ငံ ချင်းမိုင်ရှိ မွန့်ဖို့ဒ်ကောလိပ်မှာ ပစ်ခတ်တိုက်ခိုက်မယ်ဆိုတဲ့ ကျောင်းသားတွေရဲ့ မက်ဆေ့ချ်ကြောင့် အလန့်တကြားဖြစ်

၁၁ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ဗကြီး

ထိုင်းနိုင်ငံ ချင်းမိုင်ရှိ မွန့်ဖို့ဒ်ကောလိပ်မှာ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်သွားမှဖြစ်ကြောင်း အွန်လိုင်းမက်ဆေ့ချ် အုပ်စုတစ်ခုအတွင်း အပြန်အလှန်ပေးပို့ထားတဲ့ မက်ဆေ့ချ်တွေကြောင့် သြဂုတ်လ (၁၁)ရက်က အလန့်တကြား ဖြစ်ခဲ့ပါတယ်။

အဆိုပါ ဖြစ်ရပ်နဲ့ပတ်သက်လို့ သတင်းထောက်တွေနဲ့ ဝေမျှထားတဲ့ မက်ဆေ့ချ်တွေ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။

ကျောင်းသားတွေရဲ့ နာမည်တွေကို ဖော်ပြမထားဘဲ အမည်လွှဲနေတဲ့ အစားထိုး ဖော်ပြထားတာဖြစ်ပါတယ်။

အဆိုပါ မက်ဆေ့ချ်တွေထဲ ကားမောင်းနေသူတစ်ဦးရဲ့ ပေါင်ပေါ်မှာ တင်ထားတဲ့ ပြောင်းတိုသေနတ် တစ်လက်ရဲ့ ဓာတ်ပုံကို ကျောင်းသား တစ်ယောက်က ဖော်ပြမှုလည်း ပါဝင်ပါတယ်။

ဒါ တကယ်ကြီးလားလို့ မက်ဆေ့ချ်တစ်ခုက ရေးသားထားပါတယ်။ နောက်တစ်ယောက်က (၉)မမပစ္စတို lock 19 အမျိုးအစား အမှန်ပဲလို့ ရေးထားပါတယ်။

အဲဒီနောက် ဒုတိယမက်ဆေ့ချ်ပေးပို့သူက ပြောင်းတိုသေနတ် မောဒယ်နံပတ် အမျိုးမျိုးကို အနီးကပ်ရိုက်ပြထားတဲ့ ဓာတ်ပုံတွေနဲ့ လက်နက်ခဲယမ်း အမျိုးမျိုးရဲ့ ပုံတွေကို ဖော်ပြပြီး ခြိမ်းခြောက်မှုတွေ ဆက်လက်ပြုလုပ်ထားတာ ဖြစ်ပါတယ်။

မင်းတို့ကောင်တွေ နောက်နေတာလားလို့ နောက်ထပ် ကျောင်းသားတစ်ဦးက မေးထားပါတယ်။

သူကပဲ ငါ့အိမ်က သေနတ်တွေ အများကြီးရောင်းတာကြောင့် ရဲတွေအများကြီး သွားခေါ်ထားလို့ မက်ဆေ့ချ် ရေးသားထားပါတယ်။

နောက်တစ်ယောက်က မင်းတို့ နောက်နေ့ တကယ်ပစ်ကြမှာလား မင်းအဲဒါကို သတင်းတွေထဲ ကြည့်ချင်တယ်လို့ ပြောထားပြီး လုပ်ကြရအောင်လို့ ပြောထားပါတယ်။

(၁၀)နာရီတိတိမှာ လုပ်မယ်လို့ နောက်တစ်ယောက်က ပြောထား ပါသေးတယ်။

အဆိုပါ မက်ဆေ့ချ်များ အွန်လိုင်းမှာထွက်ပေါ်လာပြီးနောက် ကျောင်းသားမိဘတွေ အထိတ်တလန့် ဖြစ်ပြီး အချို့က ကျောင်းကို ဆက်သွယ်ခဲ့ကြသလို အချို့က သူတို့ရဲ့ ကလေးတွေကို အပြေးအလွှား သွားရောက် ပြန်လည် ခေါ်ယူခဲ့ကြပါတယ်။

အဆိုပါ ကောလိပ်က မေပင်း ရဲစခန်းနဲ့ ပူးပေါင်းဆောင်ရွက်ထားတယ်လို့ ပြောကြားခဲ့ပြီး ကျောင်းဝင်းထဲကို စစ်ဆေးဖို့ ရဲတပ်ဖွဲ့ဝင် (၂၀)စေလွှတ်ပေးခဲ့ပါတယ်။

တချို့မိဘတွေက သူတို့ရဲ့ ကလေးတွေကို ကျောင်းလုံးဝ မလွှတ်တော့ဘူးလို့ ပြောဆိုထားကြပါတယ်။

အဆိုပါ ကောလိပ်က ဆရာတစ်ဦးက မက်ဆေ့ချ် ပေးပို့ထားတဲ့ ကျောင်းသားတွေကို ဖော်ထုတ်ထားပြီး ဖြစ်တယ်လို့ ပြောကြား ပါတယ်။

သူတို့က သူတို့ရဲ့ မက်ဆေ့ချ်တွေ ဒီလောက်အထိ အုံအုံကြွကြွ ဖြစ်သွားမယ်လို့ မထင်ထားတာကြောင့် ဝေမျှပြောဆိုခဲ့ကြတာလို့ ပြောဆိုထားကြောင်း သိရပါတယ်။

#ခြိမ်းခြောက်

#ကောလိပ်

#သေနတ်

#ချင်းမိုင်

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin