၁၀ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ စစ်ရေးအရ ပြီးဆုံးလုနီးပါးဖြစ်နေပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ လိုအပ်လာရင် အမေရိကန်တပ်ဖွဲ့တွေက တိုက်ခိုက်ဖို့ အသင့်ရှိနေဆဲဖြစ်တယ်လို့လည်း သတိပေးခဲ့ပါတယ်။
ကာတာဝန်ကြီးချုပ်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံပြီးနောက် ထရမ့်က အခုလို ပြောခဲ့တာဖြစ်ပါတယ်။ အီရန်နဲ့ ဆွေးနွေးမှုတွေမှာ တိုးတက်မှုရှိနေပြီး စစ်ပွဲ မကြာခင် အဆုံးသတ်နိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ အီရန်ဆိပ်ကမ်းတွေကို ရေကြောင်းပိတ်ဆို့ထားမှုနဲ့ ကုန်သွယ်ရေးကန့်သတ်ချက်တွေကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောပါတယ်။
အီရန်ဘက်ကတော့ အမေရိကန်ရဲ့ ဖိအားပေးမှုကို လက်ခံမှာမဟုတ်ကြောင်း တုံ့ပြန်ထားပြီး ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးရေးနဲ့ အေးခဲထားတဲ့ ပိုင်ဆိုင်မှုတွေ ပြန်လည်ရရှိရေးအပါအဝင် တောင်းဆိုချက် ၇ ချက် တင်ပြထားပါတယ်။
အီရန်သမ္မတကလည်း စစ်ပွဲနဲ့ ငြိမ်းချမ်းရေးကြား မရေမရာဖြစ်နေတဲ့ အခြေအနေကို အဆုံးသတ်လိုကြောင်းနဲ့ ဆွေးနွေးဖို့ အသင့်ရှိကြောင်း ပြောထားပါတယ်။
ထရမ့်ရဲ့ ပြောဆိုချက်နောက်ပိုင်း နိုင်ငံတကာရေနံဈေးတွေ ကျဆင်းခဲ့ပြီး ဘရန့်ရေနံတစ်စည်ဈေးဟာ ၉၂ ဒေါ်လာအောက်အထိ ရောက်ရှိခဲ့ပါတယ်။

