၉ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနဲ့ နိုင်ငံတော်သမ္မတ တိုလမ်ဟာ ဂျပန်နိုင်ငံနဲ့ စီးပွားရေး၊ နျူကလီးယားစွမ်းအင်နဲ့ ဉာဏ်ရည်တု (AI) နည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့အတွက် နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းမှာ တိုကျိုမြို့ကို ရောက်ရှိလာပါတယ်။
တိုလမ်ဟာ ဇနီးဖြစ်သူနဲ့အတူ နိုဝင်ဘာ ၁၁ ရက်အထိ ၄ ရက်ကြာ တရားဝင်
ခရီးစဉ်အဖြစ် လာရောက်တာဖြစ်ပြီး နိုဝင်ဘာ ၉ ရက်မှာ ဂျပန်ဝန်ကြီးချုပ် တာကာအိချိ ဆာနဲအေးနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
ခရီးစဉ်အတွင်း မျိုးဆက်သစ် နျူကလီးယားစွမ်းအင်နဲ့ AI နည်းပညာ သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးဖို့ မျှော်လင့်ထားပြီး ဂျပန်ဘုရင်နဲ့ မိဖုရား၊ လွှတ်တော်ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
ဗီယက်နမ်နဲ့ ဂျပန်တို့ဟာ ၁၉၇၃ ခုနှစ်မှာ သံတမန်ဆက်ဆံရေး စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ခဲ့ပါတယ်။
၂၀၂၆ ခုနှစ် ပထမ ၉ လအတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၇ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။

