Language:

ထိုင်းရောက် မြန်မာအလုပ်သမားတွေ စာချုပ်ပြည့်ပြီး နေရပ်ပြန်စရာမလို


ထိုင်းရောက် မြန်မာအလုပ်သမားတွေ စာချုပ်ပြည့်ပြီး နေရပ်ပြန်စရာမလို

၄ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)

ဇင်ကြီး

ထိုင်းနိုင်ငံမှာ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများတွေကို ၄ နှစ်သာ အလုပ်ခန့်ထားမှုကာလ ပြည့်ပြီးသူများနှင့် ၂၀၂၆ အတွင်း ပြည့်မည့်သူများကို မြန်မာနိုင်ငံသို့ ပြန်စရာမလိုဘဲ အလုပ်ဆက်လုပ်နိုင်ရန် မြန်မာအစိုးရနဲ့ သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမားများအနေနဲ့ U-Turnအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ပါက အလုပ်ခန့်ထားမှုကာလ ပြီးဆုံးချိန်တွင် မူလ မြန်မာနိုင်ငံကို ရက် ၃၀ ပြန်စရာမလိုတော့ဘဲ ထိုင်းနိုင်ငံတွင် လက်ရှိအလုပ်ရှင်နှင့် ဆက်လက်အလုပ်လုပ်ကိုင်နိုင်မည့်အပြင် နေရပ်ပြန်ခရီးစရိတ်၊ သွားလာနေထိုင်စရိတ်နှင့် အချိန်ကုန်ဆုံးမှုများကို လျှော့ချနိုင်ပြီး အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် ဝင်ငွေပြတ်တောက်ခြင်းတို့ကိုလည်း ရှောင်ရှားနိုင်မယ်လို့ သိရပါတယ်။

“မပြန်ရ‌တော့ကောင်းတာပေါ့။ ဘတ်သစ်ဖွင့်ပေးမယ်လို့တော့ သတင်းကြားတာပဲ။ မပြန်ချင်တဲ့လူကများမယ်” လို့ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ သွားရောက်အလုပ်လုပ်ကိုင်နေသူ မြန်မာလုပ်သားတစ်ဦးက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။

ယခု U-Turn အစီအစဉ်ဟာ ထိုင်းအဆိုးရအနေနဲ့ အဆိုပါ ရက် ၃၀ ပြန်လည်နေထိုင်ရမည့် သတ်မှတ်ချက်ကို ကင်းလွတ်ခွင့်ပြုနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်တယ်လို့သိရပါတယ်။

တစ်ဘက်တွင်လည်း U-Turn အစီအစဉ်နဲ့ နေရပ်ပြန်ရန်မလိုတော့တဲ့အလုပ်သမားအားလုံးဟာ ထိုင်းနိုင်ငံတွင် အလိုအလျောက်အလုပ်ဆက်လုပ်ခွင့်ရမည်လို့ ဆိုလိုတာမဟုတ်ဘဲ အလုပ်ရှင်က ဆက်လက်ခန့်ထားလိုခြင်း ရှိ၊ မရှိနှင့် အလုပ်သမားများရဲ့ နိုင်ငံကူးလက်မှတ်၊ ကျန်းမာရေးအခြေအနေ၊ ဗီဇာနှင့် အလုပ်လုပ်ခွင့်လက်မှတ်များ ပြည့်စုံမှန်ကန်မှုရှိမရှိကို သက်ဆိုင်ရာဌာနများက စစ်ဆေးပြီး ခွင့်ပြုချက်ရရှိမှသာ အလုပ်ဆက်လက် လုပ်ကိုင်နိုင်မည်လို့လည်း သိရပါတယ်။

လက်ရှိမှာ MOU စနစ်ဖြင့် ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သများအနက် ၄ နှစ်တာ အလုပ်ခန့်ထားမှုကာလ ပြည့်ပြီးသူများနှင့် ၂၀၂၆ ခုနှစ်အတွင်း ပြည့်မည်သူ စုစုပေါင်းမှာ ၄၅၈၃၄ ခန့်ရှိပြီး ၂၀၂၇ ခုနှစ်အတွင်း နောက်ထပ် ၄၀၀၀၀ ကျော်ခန့် စာချုပ်ပြည့်မည်ဖြစ်ကြောင်း ထိုင်းအလုပ်အကိုင်ဦးစီးဌာနမှ ညွှန်ကြားထားတာဖြစ်ပါတယ်။

#ထိုင်းရောက်

#မြန်မာအလုပ်သမား

#၄နှစ်စာချုပ်

#မြန်မာနိုင်ငံ

ဆက်စပ်သတင်းများ

Eastern Thanlwin