Language:

မဲခေါင်မြစ်ကမ်း စိတ်ကြွဆေးပြား ၁ သန်း ဖမ်းဆီးရမိ နောက်ကွယ်က ကွန်ရက်ကို ထိုင်းရဲ စုံစမ်းနေ


မဲခေါင်မြစ်ကမ်း စိတ်ကြွဆေးပြား ၁ သန်း ဖမ်းဆီးရမိ နောက်ကွယ်က ကွန်ရက်ကို ထိုင်းရဲ စုံစမ်းနေ

၁ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

IM

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်ဖနုံပြည်နယ်၊ သတ်ဖနုံမြို့နယ် မဲခေါင်မြစ်ကမ်းမှာ စိတ်ကြွဆေးပြား ၁ သန်းခန့် ဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင်သူတွေနဲ့ နောက်ကွယ်က မူးယစ်ဆေးကွန်ရက်ကို ဖော်ထုတ်နိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ချဲ့ထွင်သွားမယ်လို့ ထိုင်းနယ်ခြားရဲတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ မနက် ၅ နာရီခန့်က လာအိုနိုင်ငံဘက်ကနေ မဲခေါင်မြစ်ကိုဖြတ်ပြီး မူးယစ်ဆေးတွေ သယ်ဆောင်လာမယ်ဆိုတဲ့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့တွေက မြစ်ကမ်းတစ်လျှောက် စောင့်ကြည့်ခဲ့ရာ ဘန်နသမ်ရွာအနီးမှာ အိတ် ၁၀ လုံးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အိတ်တွေထဲမှာ စိတ်ကြွဆေးပြား ၁ သန်းခန့် ပါဝင်ပြီး သယ်ဆောင်လာသူတွေက လုံခြုံရေးတပ်ဖွဲ့တွေ မရောက်ခင် ထွက်ပြေးသွားတာကြောင့် တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။

နယ်ခြားရဲတပ်ရင်း ၂၃၅ မှူး ဒုတိယဗိုလ်မှူးကြီး အနုဆွန် စင်စင်းက မူးယစ်ဆေးသယ်ဆောင်တဲ့ နောက်ကွယ်ကွန်ရက်ကို ဖော်ထုတ်နိုင်ဖို့ အဆင့်မြင့်ထောက်လှမ်းရေးနည်းပညာတွေ အသုံးပြုပြီး စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

အခုစစ်ဆင်ရေးမှာ ထိုင်းတပ်မတော်နဲ့ နယ်ခြားရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ပြီး ဖမ်းဆီးရမိတဲ့ ဆေးပြားတွေကို သက်ဆိုင်ရာရဲစခန်းထံ လွှဲပြောင်းကာ ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။

#စိတ်ကြွဆေးပြား

#လာအို

#မဲခေါင်ဆိပ်ကမ်း

#ရွှေတြိဂံ

ဆက်စပ်သတင်းများ

Eastern Thanlwin