Language:

ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်းမှာ ဆိုင်ကလုန်းမုန်တိုင်း အဖြစ် အားကောင်းလာမယ်လို့ဆို


ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်းမှာ ဆိုင်ကလုန်းမုန်တိုင်း အဖြစ် အားကောင်းလာမယ်လို့ဆို

၂၅ ရက်၊ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)။

IM

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းမှာ အောက်တိုဘာ ၂၈ ရက်မှာတော့ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ အားကောင်းလာမယ်လို့ အိန္ဒိယ မိုးလေဝသ ဌာနက အောက်တိုဘာ ၂၅ ရက်က သတိပေးခဲ့ပါတယ်။

မုန်တိုင်းသည် အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းမှာ အန်ဒရာပရာဒေ့ရှ် ကမ်းခြေကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပြီး လေတိုက်နှုန်းမှာ တစ်နာရီ ၁၁၅ ကီလိုမီတာမှ ၁၂၅ ကီလိုမီတာအထိနဲ့ လေပြင်းတိုက်ခတ်ချိန် တစ်နာရီ ၁၄၀ ကီလိုမီတာအထိ ရောက်နိုင်တယ်လို့ ဆိုပါတယ်။

လေဖိအားနည်းရပ်ဝန်းသည် အောက်တိုဘာ ၂၅ ရက် နံနက် ၅ နာရီခွဲမှာ ဗီဇာခပတ္တနမ်မြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၈၈၀ ခန့်တွင် တည်ရှိခဲ့ကာ အန်ဒမန်ကျွန်းများရှိ သီရိ ဝိဇယ ပူရမ်၏ အနောက်မြောက်ဘက် ကီလိုမီတာ ၄၄၀ ခန့်တွင်လည်း တည်ရှိခဲ့တယ်လို့ဆိုပြီး လေဖိအားနည်းရပ်ဝန်းသည် တစ်နာရီလျှင် ၅ ကီလိုမီတာ နှုန်းဖြင့် အရှေ့တောင်ဘက်သို့ ရွေ့လျားနေခဲ့တာလို့ ဆိုပါတယ်။

အောက်တိုဘာ ၂၅ ရက်မှာ ပိုအားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြောင်းလဲမှာလို့ဆိုပြီး အောက်တိုဘာ ၂၆ ရက် နံနက်မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်နဲ့ အောက်တိုဘာ ၂၇ ရက် နံနက်မှာ ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာမှာလို့ဆိုပြီး အောက်တိုဘာ ၂၈ ရက် နံနက်မှာ အလွန်ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ကမ်းခြေအနီးသို့ ရောက်ရှိမှာလို့ ဆိုပါတယ်။

မုန်တိုင်းသည် ဘာပတ္တလာနဲ့ ဗီဇာခပတ္တနမ်ကြား ကမ်းခြေကို ဖြတ်ကျော်မယ်လို့ ခန့်မှန်းထားပြီး မုန်တိုင်းအဆင့်သို့ ရောက်ရင်တော့ အာနာ့ဘ်ဟု အမည်ပေးမယ်လို့ ဆိုပြီး တံငါသည်များကို ပင်လယ်သို့ မထွက်ရန် ညွှန်ကြားထားကာ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တို့မှာ မိုးသည်းထန်စွာ ရွာမည်ဟု ခန့်မှန်းထားပါတယ်။

အန်ဒရာပရာဒေ့ရှ် ဝန်ကြီးချုပ် ချန်ဒရာဘာဘူ နိုက်ဒူးက စနေနေ့ ညနေမှာ ကြိုတင်ပြင်ဆင်မှုတွေနဲ့ အိုဍီရှာပြည်နယ်ကလည်း သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး စနစ်ကို အသက်သွင်းထားတယ်လို့ဆိုပြီး ဝန်ကြီးချုပ် မိုဟန် ချာရန် မာဂျီက ပြည်သူများ၏ လုံခြုံရေးကို ဦးစားပေးရန် ညွှန်ကြားခဲ့ပါတယ်။

တမီးလ်နာဒူးနဲ့ ပူဒူးချယ်ရီတို့မှာလည်း မိုးသည်းထန်စွာ ရွာနေပြီး တနင်္ဂနွေနေ့မှာတော့ သနီ၊ ဒင်ဒီဂူနဲ့ မဒူရိုင်းတို့မှာ မိုးအလွန်သည်းထန်စွာ ရွာမယ်လို့ ခန့်မှန်းထားပြီး တမီးလ်နာဒူးရှိ ခရိုင် အများအပြားကို လိမ္မော်ရောင် သတိပေးချက် ထုတ်ထားကာ ကီရာလာ ပြည်နယ်၏ ခရိုင် ၅ ခုကိုလည်း အနီရောင် သတိပေးချက် ထုတ်ထားဘင်္ဂလားပင်လယ်အော်ပါသေးတယ်။

ချင်းနိုင်၊ နာဂါပတ္တိနမ်၊ ကူဒါးလိုးအပါအဝင် ဆိပ်ကမ်း ၉ ခုကို ဆိုင်ကလုန်း သတိပေးအချက်ပြမှုများ လွှင့်ထူထားကာ ပူဒူးချယ်ရီမှာလည်း စနေနေ့ ညပိုင်းက စလို့ မိုးရွာနေပြီး ကမ်းခြေလမ်း၊ ကရစ်ရှနာ နာဂါနဲ့ လက်စပတ် ဆရွမ်တို့က လမ်းပေါ်မှာ ရေများ တင်နေပြီး ဒေသခံများက ရေထုတ်ပေးရန် တောင်းဆိုနေကြပါတယ်။

#လေဖိအားနည်းရပ်ဝန်း

#ဆိုင်ကလုန်းမုန်တိုင်း

ဆက်စပ်သတင်းများ

Eastern Thanlwin