Language:

မန္တလေး-ပြင်ဦးလွင်လမ်းမှာ ခရီးသည်တင်ယာဉ် ဘရိတ်ပေါက်ပြီး ချောက်ထဲထိုးကျ ၆ ဦး သေဆုံး


မန္တလေး-ပြင်ဦးလွင်လမ်းမှာ ခရီးသည်တင်ယာဉ် ဘရိတ်ပေါက်ပြီး ချောက်ထဲထိုးကျ ၆ ဦး သေဆုံး

၂၅ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

ဖိုးစည်

မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းရဲ့ မိုင်တိုင် ၁၉ အနီးမှာ နယူးစ်မန္တလာထွန်း ခရီးသည်တင်ယာဉ်လိုင်းက ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး အငှားယာဉ်ကို ဝင်တိုက်မိကာ ချောက်ထဲထိုးကျတဲ့ ဖြစ်စဉ် ယမန်နေ့ အောက်တိုဘာ (၂၄)ရက်က ညဦးပိုင်းကဖြစ်ပွားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၆ ဦး နေရာမှာတင်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲနဲ့ လူမှုကူညီရေးအသင်းတွေက သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေထဲမှာ အငှားယာဉ်မောင်းလည်းပါဝင်ပြီး Express ယာဉ်ပေါ်က ၅ ဦးလည်း နေရာမှာတင်သေဆုံးခဲ့တယ်လို မြန်မာနိုင်ငံလူမှုကယ်ဆယ် ရေးအဖွဲ (မန္တလေးတိုင်းရုံး) က သတင်းထုတ်ပြန်ထားပါတယ်။

ယာဉ်မတော်တဆမှု ဖြစ်ခဲ့တဲ့ Express ယာဉ်ပေါ်မှာ ခရီးသည် ၂၈ ဦး လိုက်ပါလာတာဖြစ်ပြီး ဘရိတ်ပေါက်ပြီးတဲ့နောက် ပြင်ဦးလွင်ကို တက်လာတဲ့ AD Van အမျိုးအစား အငှားယာဉ်ကို တိုက်မိပြီး ပေ ၅၀ လောက်နက်တဲ့ ချောက်ထဲကို ထိုးကျသွားတာလိုလည်း သိရပါတယ်။

ဒဏ်ရာရသူတွေကို ပြင်ဦးလွင်ဆေးရုံနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ဆေးရုံရောက်မှ သေဆုံးသူတွေနဲ့ ပျောက်ဆုံးနေသူလည်းရှိတယ်လို့ သတင်းထွက်နေပေမယ့် အရှေ့သံလွင် သတင်းမီဒီယာက အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

#မန္တလေး-ပြင်ဦးလွင်လမ်း

#ခရီးသည်တင်ယာဉ်

#ဘရိတ်ပေါက်

#ချောက်ထဲထိုးကျ

ဆက်စပ်သတင်းများ

Eastern Thanlwin