၂၁ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
IM
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ဂျပန်နိုင်ငံက အထူးကိုယ်စားလှယ် ယိုဟဲ ဆာဆာကာဝါတို့ အောက်တိုဘာ ၂၀ ရက်က နေပြည်တော်မှာ တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ထိုသို့ တွေ့ဆုံခဲ့တဲ့ သတင်းကို နိုင်ငံပိုင် သတင်းစာဖြစ်တဲ့ ဂလိုဘယ် နယူးလိုက် အော့ဖ် မြန်မာက ယနေ့ အောက်တိုဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တာပါ။
ဆာဆာကာဝါသည် ဂျပန်နိုင်ငံမှ လှူဒါန်းသူ တစ်ဦးဖြစ်ကာ နိပွန်ဖောင်ဒေးရှင်း၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဂျပန် အထူးကိုယ်စားလှယ်လည်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဆွေးနွေးရာမှာတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆွေးနွေးပြီး ဆာဆာကာဝါက ထိုလုပ်ငန်းစဉ်ကို ကူညီမယ့် အစီအစဉ်နဲ့ ဖောင်ဒေးရှင်းက မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးကိုလည်း ကူညီမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဤတွေ့ဆုံမှုသည် နိုင်ငံတကာ ပြန်လည် ဆက်ဆံမှုများ တိုးလာချိန် ဖြစ်လာခြင်း ဖြစ်ပြီး ဂျပန်နိုင်ငံက အာဏာရ ပါတီမှ လွှတ်တော် အမတ် ဝါတာနာဘီလည်း စက်တင်ဘာတွင် နေပြည်တော်သို့ လာရောက်ခဲ့ရာ ဆာဆာကာဝါ၏ ယခု ခရီးစဉ်သည် ထိုဆက်ဆံမှုများ၏ နောက်ဆက်တွဲလို့လည်း ဖော်ပြထားပါတယ်။

