၁၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
IM
မလေးရှားနိုင်ငံ ကီလန်တန် ပြည်နယ်မှာ ရဲတပ်ဖွဲ့က စုံစမ်းမှု နှစ်မှု ဖွင့်လိုက်ပြီး စုံစမ်းမှုများသည် ဆိုရှယ်မီဒီယာ တက်ကြွလှုပ်ရှားသူ တစ်ဦးနဲ့ မြန်မာ ဒုက္ခသည် အသိုင်းအဝိုင်းကြား ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်နေတယ်လို့ မလေးရှားနိုင်ငံ သတင်းဖော်ပြချက်အရ သိရပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် တစ်ဦး လုယက်ခံရတဲ့ အမှုလည်း ထို စုံစမ်းမှုများမှာ ပါဝင်ကာ လုယက်မှုနဲ့ ပတ်သက်လို့ ဒေသခံ အမျိုးသား နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ထိုကိစ္စသည် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ကာ လူအများ ပြောဆိုမှု ဖြစ်ခဲ့ရပါတယ်။
အမှုများကို ပီနယ် ကုတ် ပုဒ်မ ၃၄၁၊ ၂၆၈ နဲ့ ၃၉၅ တို့ဖြင့် စစ်ဆေးနေသည်ဟု ကီလန်တန် ရဲချုပ် ဒါတွတ် မိုဟာမက် ယူဆွတ် မာမတ်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
စစ်ဆေးခံရတဲ့သူကို အောက်တိုဘာ ၁၇ ရက်မှာ အခြား လူ ၁၂ ဦးနဲ့အတူ ထိန်းသိမ်းခဲ့ပြီး သူ့ကို အောက်တိုဘာ ၁၈ ရက် နေ့လယ်မှာ ပြန်လည် လွှတ်ပေးခဲ့ကာ ကိုတာဘာရူခရိုင် ရဲဌာနချုပ် အပြင်မှာတော့ ထောက်ခံသူ ၅၀ ခန့်က လာရောက် စောင့်ကြိုခဲ့ကြတယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် အသိုင်းအဝိုင်းအတွင်း လုယက်မှု ဖြစ်ခဲ့တဲ့အတွက် ဒေသခံများနဲ့ ဒုက္ခသည်များ အကြား စိတ်ဝမ်းကွဲမှု မဖြစ်အောင် ရဲတပ်ဖွဲ့က စောင့်ကြည့်ခဲ့ရတယ်လို့ ဆိုပါတယ်။
ကီလန်တန် ပြည်နယ်သည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေပြီး ဒုက္ခသည်များ ဝင်ရောက်ရာ လမ်းကြောင်း တစ်ခု ဖြစ်ပါတယ်။
မလေးရှားမှာ ရိုဟင်ဂျာ အပါအဝင် မြန်မာ ဒုက္ခသည် အများအပြား နှစ်ပေါင်းများစွာ နေထိုင်ကြပြီး မလေးရှားသည် နိုင်ငံတကာ ဒုက္ခသည် သဘောတူညီချက်ကို လက်မှတ်မထိုးထားသောကြောင့် ဒုက္ခသည်များကို တရားဝင် အနေအထား မရှိသူများအဖြစ်သာ သတ်မှတ်ထားတာပါ။
၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ မြန်မာ ဒုက္ခသည်များနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှု ၁၉၉ မှု
မှတ်တမ်းတင်ထားပြီး မလေးရှား အစိုးရသည် မြန်မာ အစိုးရနှင့် သဘောတူညီ၍ ဒုက္ခသည် ၅,၀၀၀ ဦးကို ပြန်လည် ပို့ဆောင်နေတဲ့ အစီအစဉ်ကို လုပ်ဆောင်နေတယ်လို့ မလေးရှား ပြည်ထဲရေး ဝန်ကြီး ဆိုင်ဖူဒင် နာဆူတီယွန် အစ်စမေးလ်၏ ပြောကြားချက်အရ သိရပါတယ်။
ပထမ အသုတ် အဖြစ် လူ ၁,၄၇၆ ဦးကို စက်တင်ဘာ ၂၉ ရက်က မြန်မာ နိုင်ငံသို့ ပို့ဆောင်ခဲ့ကာ ရဲချုပ်က ပြည်သူများကို မခိုင်လုံတဲ့ သတင်းများ မဖြန့်ရန် သတိပေးခဲ့ပြီး စုံစမ်းမှုများ ပြီးဆုံးသည်အထိ စောင့်ဆိုင်းပေးရန် တောင်းဆိုခဲ့ပါတယ်။
အစိုးရသည် ဒုက္ခသည်များ၏ ကိုယ်ရေး အချက်အလက်များ ဇီဝမှတ်တမ်း အချက်အလက်များကို မှတ်တမ်းတင်သည့် စနစ် သစ်ကိုလည်း စတင်နေကာ ထို စနစ်က လုံခြုံရေး စစ်ဆေးမှုတွေမှာ အထောက်အကူ ဖြစ်စေမည်ဟု ရဲချုပ်က ပြောပါတယ်။
ပြည်သူ့ စည်းလုံး ညီညွတ်မှုနဲ့ လူမျိုး အသိုင်းအဝိုင်းများကြား သဟဇာတဖြစ်မှုကို ထိခိုက်စေမယ့် ကိစ္စများကို
အလေးထား ကိုင်တွယ်မည်ဟု ရဲချုပ်က ပြောပါတယ်။

