၁၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ထံကို ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားစ်ဘုရင်က ပေးပို့တဲ့ စာအုပ် (၂) အုပ်ကို ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဒီကနေ့ သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့မနက် (၁၀) နာရီ (၄၀) မိနစ်ကနေ (၁၀) နာရီ(၅၀) မိန စ်အထိ အချိန် (၁၀) မိနစ်ကြာတွေ့ဆုံပြီး ပေးခဲ့တာလို့ နိုင်ငံ တော်သမ္မရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြီးခဲ့တဲ့ မိနစ်ပိုင်းမှာ လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ခဲ့တာပါ။
ချားစ်ဘု ရင်က ပေးပို့တဲ့ စာအုပ် (၂) အုပ်ဟာ The Land Garderners – Soil to Table နှင့် Soil The World at Our Feet စတဲ့ စာအုပ်တွေ ဖြစ်တယ်လို့ ဓာတ်ပုံနဲ့တကွာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ချားစ်ဘုရင်က ပေးပို့တဲ့အိတ်ပိတ်စာအိတ် (၁) အိတ်နဲ့ သံတမန်အိတ်ပိတ်စာတို့ကိုလည်း ဒေါ်အောင်ဆန်းစုကြ ည်ထံ ပေးအပ်ခဲ့ သိရပါတယ်။
ဓာတ်ပုံ – နိုင်ငံတော်သမ္မရုံး ပြောရေးဆိုခွင့်ရှိသူ

