ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး စွမ်းအင်ဖြန့်ဖြူးရောင်းချဖို့ ဆွေးနွေး


ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး စွမ်းအင်ဖြန့်ဖြူးရောင်းချဖို့ ဆွေးနွေး

၂၀ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ဖိုးစည်

ထိုင်း – မြန်မာ အိမ်နီးချင်းနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဒေသတွင်းက နိုင်ငံတွေဆီ စွမ်းအင်ဖြန့်ဖြူးရောင်းချနိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

မနေ့က အောက်တိုဘာ (၁၉) ရက်မှာ ထိုင်းနိုင်ငံ၊ စွမ်းအင်ဝန်ကြီး H.E. Mr. Akanat Promphan နေပြည်တော် ရောက်ရှိလာပြီး မြန်မာ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံကာ ဆွေးနွေးခဲ့ကြတာလို့ မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍကို ယခင်ကတည်းက ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ပြီး ယခုအခါတွင်လည်း နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေ‌တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာတဲ့ စွမ်းအင်အကျပ်အတည်းများကို နှစ်နိုင်ငံပူး ပေါင်းဖြေရှင်းရေးနဲ့ အဲဒီ ပူးပေါင်းဆောင်ရွက်မှုတွေကတဆင့် ဒေသတွင်းသို့ စွမ်းအင် ဆက်လက် ဖြန့်ဖြူးရောင်းချနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရာသီဥတုဖောက်ပြန်မှုကြောင့် ထိုင်းနိုင်ငံတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့တဲ့အခြေအနေနဲ့ မြန်မာနိုင်ငံအတွင်းက ထားဝယ်နဲ့ လောင်းလုံဒေသက သဘာဝဘေးကြုံတွေ့ရမှုတွေနဲ့ သဘာဝဘေး အန္တရာယ်များကို နှစ်နိုင်ငံအတူတကွ ပူးပေါင်းဆောင်ရွက်သွားရေးကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

#ထိုင်းနဲ့မြန်မာ

#နှစ်နိုင်ငံ

#စွမ်းအင်

ဆက်စပ်သတင်းများ

Eastern Thanlwin