၁၁ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ရွှေတြိဂံဧရိယာအတွင်း နှစ်စဉ်ကြုံတွေ့နေရတဲ့ နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့တွေအတွက် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအတွက်သတိထားဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားတယ်လိုက်ပါတယ်။
ထိုင်း-မြန်မာ-လာအို (၃)နိုင်ငံထိစပ်နေတဲ့ ရွှေတြိဂဒေသအတွင်းက တောင်ယာမီးရှိုတာနဲ့ တောမီးလောင်တာတွေကြောင့် ထွက်ပေါ်လာတဲ့ မီးခိုးငွေ့ပြသာနာကို အောက်တိုဘာလမှ မတ်လအထိ နှစ်စဉ်ကြုံတွေ့နေရတာဖြစ်ပါတယ်။
“အရင်နှစ်တွေထက် မီးခိုးပြသာနာ ပိုဆိုးဖို့ရှိတယ် အဓိက ကတော့ စူပါအယ်နီညိုလဲ ဝင်မှာဖြစ်တဲ့အတွက် ကျန်းမာရေး အထူးဂရုပြုဖို့လိုတယ်။ အပြင်ကို မလိုအပ်ဘဲ မထွက်ဖို့နဲ့ ထွက်ရင်လဲ နှာခေါင်းစည်း Mark တပ်ပြီးထွက်ဖို့လိုတယ်”လို့ ကျန်းမာရေးပညာရှင်တစ်ဦး ပြောပါတယ်။
ထိုင်းနိုင်ငံက ထုတ်ပြန်ထားတဲ့ သုတေသနမှတ်တမ်းတွေအရ ၂၀၁၉ ခုနှစ်မှာ လေထုအတွင်း အမှုန်အမွားပါဝင်မှု PM(2.5)အထိရှိပြီး (၄၅)ရာခိုင်နှုန်းဟာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတာဖြစ်ပြီး ဇီဝလောင်စာမီးရှို့မှုကြောင့်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိကာလမှာ ရှမ်းပြည်နယ်တဝှမ်းနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ တောင်ယာမီးရှို့တာနဲ့ တောမီးလောင်ကျွမ်းတဲ့ကာလဖြစ်တဲ့အတွက် လေထုညစ်ညမ်းမှု စတင်ဖြစ်ပေါ်နေပြီဖြစ်ပါတယ်။
နိုင်ငံတကာက ထုတ်ပြန်ထားတဲ့ လေထုညစ်ညမ်းမှု နှုန်းထားတွေမှာတော့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရဲ့ အနီးဝန်းကျင်မှာ PM2.5 22.5 µg/m³ အရှိပြီး လာအိုနိုင်ငံ လွမ်နမ်သာမြို့နယ်အတွင်း လေထုအရည်အသွေးမှာ PM2.5 14.9 µg/m³ ရှိတဲ့အတွက် တာချီလိတ်မြို့နယ်အတွင်းမှာလဲ လေထုအရည်အသွေး စိုးရိမ်စရာမရှိဘဲ ကောင်းမွန်တယ်လို့ သိရပါတယ်။

