Language:

ချင်းရိုင်ခရိုင် မယ်ဆွေမြို့နယ်မှာ မက်သမ်ဖက်တမင်း ဆေးပြား ၂ သန်း ၁ သိန်း ၇ သောင်းကျော် ဖမ်းဆီးရမိ


ချင်းရိုင်ခရိုင် မယ်ဆွေမြို့နယ်မှာ မက်သမ်ဖက်တမင်း ဆေးပြား ၂ သန်း ၁ သိန်း ၇ သောင်းကျော် ဖမ်းဆီးရမိ

၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

IM

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆွေမြို့နယ်၊ ပါဒဲ့ကျေးရွာအုပ်စုရှိ လမ်းဘေး၌ စွန့်ပစ်ထားတဲ့ အနက်ရောင် ပလတ်စတစ် အိတ် ၉ အိတ်ကို အောက်တိုဘာ ၇ ရက်မှာ ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရာ ဓာတ်မြေဩဇာ အိတ်‌တွေထဲ ထည့်သွင်းထားတဲ့ မက်သမ်ဖက်တမင်း ဆေးပြား ၂,၁၇၀,၀၀၀ ကျော် ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းသတင်း ဖော်ပြချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံ၊ မြောက်ပိုင်း နယ်စပ်မှ မူးယစ်ဆေးများ သယ်ဆောင်လာတဲ့ သတင်းအရ မယ်ဆွေနဲ့ ချင်းမိုင်ခရိုင် ဖန်မြို့ကို ဆက်သွယ်ထားတဲ့ အဝေးပြေး လမ်း ၁၀၉ တစ်လျှောက် ကင်းလှည့်မှုများ တိုးမြှင့်ချထားစဉ် ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်ပတ်နေသူများက ရဲများကို မြင်လို့ ထွက်ပြေးသွားပြီးနောက် စွန့်ပစ်အိတ်များကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ စစ်ဆင်ရေးကို မူးယစ် နှိမ်နင်းရေး ဗျူရိုမှ အဆင့်မြင့် အရာရှိများက ဦးဆောင်ခဲ့ပြီး စုံစမ်းသူများက ကင်မရာမှတ်တမ်းများကို စစ်ဆေးကာ ကွန်ရက်၏ စီစဉ်သူများနဲ့ ထိုင်းအလယ်ပိုင်းမှ ဝယ်ယူသူများ အထိ ဖမ်းဆီးနိုင်ရေး ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

မယ်ဆွေမြို့နယ်တွင် မကြာသေးမီက ဖြိုခွဲခံခဲ့ရသော ပါဆယ် ကွန်ရက်က ငှားရမ်း အိမ်ကို စခန်းအဖြစ် အသုံးပြုခဲ့ ရာ နေရာဖြစ်ပြီး ထိုအမှုမှာတော့ ဆေးပြား ၁ သန်း ၅ သိန်းကျော် သိမ်းဆည်းရမိကာ လူ ၇ ဦး ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

#မယ်ဆွေမြို့နယ်

#မက်သမ်ဖက်တမင်း

#ဆေးပြား၂သန်း၁သိန်း၇သောင်းကျော်

#စစ်ဆင်ရေး

#မှုခင်း

#ကွန်ရက်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin