Language:

ဦးနှောက်ဆဲလ်များကို အလင်းဖြင့် ထိန်းချုပ်သည့် သုတေသနအတွက် ဆေးပညာ နိုဘယ်ဆု ချီးမြှင့်


ဦးနှောက်ဆဲလ်များကို အလင်းဖြင့် ထိန်းချုပ်သည့် သုတေသနအတွက် ဆေးပညာ နိုဘယ်ဆု ချီးမြှင့်

၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

IM

၂၀၂၆ ခုနှစ် ဆေးပညာ နိုဘယ်ဆုကို သိပ္ပံပညာရှင် သုံးဦးအား အောက်တိုဘာ ၅ ရက်က စတော့ခ်ဟုမ်းတွင် ကြေညာ ချီးမြှင့်ခဲ့သည်။

အမေရိကန်မှ ကားလ်ဒိုင်ဆာရော့သ်၊ ဂျာမနီမှ ပီတာဟေဂါမန်း နှင့် ဂျော့ဂ်နာဂယ်လ်တို့သည် အလင်းဖြင့် ဦးနှောက် ဆဲလ်များကို ဖွင့်ပိတ် ထိန်းချုပ်နိုင်သည့်နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။

ရေညှိတွင် တွေ့ရသည့် အလင်းအာရုံခံ ပရိုတင်းကို အခြေခံ၍ တီထွင်ခဲ့သည့် ဤနည်းပညာကို ကမ္ဘာတစ်ဝန်း ဓာတ်ခွဲခန်းများတွင် ဦးနှောက် လုပ်ဆောင်ပုံ၊ မှတ်ဉာဏ်နှင့် အပြုအမူတို့ကို လေ့လာရန် အသုံးပြုနေကြသည်

ဆုရှင် သုံးဦးသည် ဆုကြေး ဆွီဒင် ခရိုနာ ၁၂ သန်းကို မျှဝေ ရရှိမည် ဖြစ်သည်။

#နည်းပညာ

#ဆေးပညာ

#ဦးနှောက်ဆဲလ်များ

#သုတေသန

#နိုဘယ်ဆု

#အလင်းအာရုံခံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin