၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
IM
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဇန်နဝါရီလမှစတင်၍ မြန်မာနိုင်ငံသားတစ်သောင်းခန့်ကို ပြန်ပို့ပြီးဖြစ်တယ်လို့ အောက်တိုဘာ ၆ ရက်က လွှတ်တော်တွင် ပြောဆိုချက်အရသိရပါတယ်။
အဲ့ဒီလိုပြန်ပို့ရာမှာတော့ အချို့ကို မြန်မာအစိုးရစီစဉ်တဲ့ လေယာဉ်တွေနဲ့ ပို့ဆောင်ခဲ့ပြီး ၁,၄၀၀ ခန့်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ပင်လယ်လမ်းကြောင်းကနေ ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ အချက်အလက်အရ မလေးရှားနိုင်ငံမှာ မြန်မာ ဒုက္ခသည် ၁၉၃,၀၀၀ ခန့်ရှိနေရာ ပြန်ပို့ခံရသူများ ဘေးကင်းရေးကို လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်နေသော်လည်း မြန်မာအာဏာပိုင်များက ထိခိုက်မှုမရှိစေရန် အာမခံထားတယ်လို့ ဆိုပါတယ်။
အန်ဝါက ယခုလတွင် ကွာလာလမ်ပူသို့ လာရောက်မယ့် မြန်မာနိုင်ငံတော် သမ္မတဦးမင်းအောင်လှိုင်နဲ့ ဆက်လက်ဆွေးနွေးမည်ဟုလည်း ဆိုထားပါတယ်။

