Language:

နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် မနက်ဖြန် အောက်တိုဘာ ၇ ရက်မှာ မလေးရှားနိုင်ငံသို့ သွားရောက်မယ်


နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် မနက်ဖြန် အောက်တိုဘာ ၇ ရက်မှာ မလေးရှားနိုင်ငံသို့ သွားရောက်မယ်

၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ဖိုးစည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ ဖိတ်ကြားချက်အရ မနက်ဖြန် အောက်တိုဘာ (၇)ရက် မနက်ပိုင်းမှာ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်အနေနဲ့ သွားရောက်မယ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေထံက သိရပါတယ်။

” မနက်ဖြန်သွားမယ်။ အချိန်ကတော့ ဒီနေ့ညမှ သိရမယ်” လို့ နေပြည်တော်က သမ္မတရုံးနဲ့နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက အရှေ့သံလွင် သတင်းမီဒီယာကို ပြောပါတယ်။

သမ္မတ ဦးမင်းအောင်လှိုင်ဟာ သမ္မတရာထူး ရယူပြီးချိန်ကစပြီး နိုင်ငံတကာခရီးစဉ်တွေအဖြစ် တရုတ်၊ အိန္ဒိယ၊ ရုရှား၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတို့ကိုလည်း တရားဝင်ခရီးစဉ်တွေ သွားရောက်ထားပါတယ်။

ယခု မလေးရှားနိုင်ငံ ခရီးစဉ်အတွင်း ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နဲ့တွေ့ဆုံကာ မလေးရှားရောက် ဘင်ဂါလီဒုက္ခသည်တွေအရေးနဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေအရေး ဆွေးနွေးကြဖို့ရှိနေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

သမ္မတရဲ့ ယခုမလေးရှားခရီးစဉ် မစတင်မီ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မလေးရှားထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ (၁၄၀၀) ကျော်ကို စစ်တပ်ပိုင်ရေယာဉ်တွေနဲ့ သွားရောက်ခေါ်ဆောင်ခဲ့ပါသေးတယ်။

ဒါ့အပြင် ကျန်ရှိနေတဲ့ ထိန်းသိမ်းခံထားရသူတွေကို ပြန်လ ည်ခေါ်ဆောင်နိုင်ရေး ယခုခရီးစဉ်အတွင်းမှာ ဆွေးနွေးကြဖို့ ရှိတယ်လို့လည်း သိရပါတယ်။

#သမ္မတ
#မင်းအောင်လှိုင်
#မလေးရှားဝန်ကြီးချုပ်
#အန်ဝါအီဘရာဟင်
#မလေးရှားနိုင်ငံ
#ဘင်္ဂါလီဒုက္ခသည်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin