၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
IM
ဘရာဇီး သမ္မတရွေးကောက်ပွဲ ပထမအကျော့မှာ လက်ယာဝါဒီ အထက်လွှတ်တော်အမတ် Flávio Bolsonaro က မဲ ၄၇ ရာခိုင်နှုန်း ရရှိပြီး လက်ရှိသမ္မတ Luiz Inácio Lula da Silva ရဲ့ ၄၄.၉ ရာခိုင်နှုန်းကို ကျော်လွန် ဦးဆောင်ခဲ့ပါတယ်။
ဒါပေမယ့် ဘယ်သူမှ မဲ ၅၀ ရာခိုင်နှုန်း မပြည့်ခဲ့တာကြောင့် နှစ်ဦးစလုံး အောက်တိုဘာ ၂၅ ရက်မှာ ဒုတိယအကျော့အဖြစ် ထပ်မံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Bolsonaro ဟာ ၂၀၂၂ ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက် အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရတဲ့ သမ္မတဟောင်း Jair Bolsonaro ရဲ့ သားဖြစ်ပါတယ်။
စစ်တမ်းအများစုက Lula ဦးဆောင်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် ရလဒ်ကတော့ ပြောင်းပြန်ဖြစ်ခဲ့ပြီး လေ့လာသူတွေက စစ်တမ်းတွေ လွဲသွားတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာ လူနေမှုကုန်ကျစရိတ်၊ အကျင့်ပျက်ခြစားမှုနဲ့ လုံခြုံရေးမရှိမှုတို့က အဓိက အကြောင်းအရာတွေ ဖြစ်ခဲ့ပါတယ်။
Bolsonaro အနိုင်ရပါက Trump နဲ့ မဟာမိတ်ဖြစ်တဲ့ လက်ယာဝါဒီတွေ လက်တင်အမေရိကတစ်ခွင် အနိုင်ရတဲ့ လှိုင်းကို ဆက်ဖြစ်စေမှာဖြစ်ပြီး Lula ပြန်အနိုင်ရပါက ကုန်သွယ်ရေးနဲ့ လုံခြုံရေးမှာ Washington နဲ့ တင်းမာမှု ဆက်ရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
Sources: Reuters, BusinessWorld, Daily Express

