Language:

မယ်ဆိုင်မြို့ကနေ ဖယောင်းခရိုင်ကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၁၃) ဦး ဖမ်းဆီးခံရ


မယ်ဆိုင်မြို့ကနေ ဖယောင်းခရိုင်ကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၁၃) ဦး ဖမ်းဆီးခံရ

၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

တာချီလိတ်မြို့နှင့် နယ်နမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ ဖယောင်းခရိုင်၊ မယ်ဆိုင်မြို့သို့ ကားဖြင့် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၁၃) ဦးကို ဖန်မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာန chiang mai news ရဲ့ဖော်ပြချက်အရ သိရပါတယ်။

စက်တင်ဘာ ၂၉ ရက်၊ ညနေ ၆ နာရီခွဲခန့်က ချင်းရိုင်ခရိုင်၊ ဖန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်လာမယ့် သတင်းအရ ထိုင်းရဲတပ်ဖွဲ့ဝင်များက ဖဟွန်ယိုသင် လမ်းမကြီးပေါ်ရှိ ပူကဲင်စစ်ဆေးရေးဂိတ်အနီးမှာ ပစ်ကပ်ကားတစ်စီးကို တားဆီးစစ်ဆေးခဲ့ရာ မြန်မာအမျိုးသား (၁၁)ဦးနဲ့ အမျိုးသမီး (၂) ဦး စုစုပေါင်း (၁၃) ဦးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ယာဥ်မောင်းမှာ အသက် (၄၉) နှစ်အရွယ် အာဟွီးဆိုသူဖြစ်ပြီး မယ်ဆိုင်မြို့နယ်၊ ပုံငမ်းကျေးရွာအုပ်စုမှာ နေထိုင်သူဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ ကနဦး စစ်ဆေးမေးမြန်းချက်အရ အာဟွီးက “ကျော်လှ” နာမည်နဲ့ LINE အကောင့်မှတစ်ဆင့် အမျိုးသားတစ်ဦးက ငှားရမ်းတာလို့ ဝန်ခံထွက်ဆိုခဲ့ပါတယ်။

မယ်ဆိုင်မြို့နယ်၊ ကိုချန်းကျေးရွာအုပ်စုရှိ လယ်ကွင်းတစ်နေရာမှ တရားမဝင် နိုင်ငံခြားသားများကို ခေါ်ယူပြီး ဖယောင်းခရိုင်၊ မယ်ပွမ်ကျေးရွာအုပ်စုရှိ ဘန်ဟွေဘုန်းကျောင်းရှေ့သို့ ပို့ဆောင်ရန် ငှားရမ်းခံရခြင်းဖြစ်ပြီး လူတစ်ဦးကို ဘတ် (၅၀၀) ရရှိမှာလို့ ဝန်ခံထွက်ဆိုထားပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိထားတဲ့ ယာဉ်မောင်းနဲ့ သက်သေခံပစ္စည်းတွေကို ဖန်မြို့နယ် ရဲစခန်းသို့ လွှဲပြောင်းကာ ဥပဒေအရ အရေးယူရန် ဆောင်ရွက်နေပြီး ကားအတွင်း လိုက်ပါလာတဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၁၃) ဦးကိုလည်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

#မယ်ဆိုင်မြို့

#ဖယောင်းခရိုင်

#တရားမဝင်

#နိုင်ငံခြားသား

#မြန်မာနိုင်ငံသား၁၃ဦး

#ဖမ်းဆီးခံရ

#လူဝင်မှုကြီးကြပ်ရေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin