Language:

အမေရိကန်က အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ လာအိုတို့က ဆိုလာထုတ်ကုန်များအပေါ် အခွန်နှုန်းမြင့်မားစွာ ပြင်ဆင်သတ်မှတ်


အမေရိကန်က အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ လာအိုတို့က ဆိုလာထုတ်ကုန်များအပေါ် အခွန်နှုန်းမြင့်မားစွာ ပြင်ဆင်သတ်မှတ်

၁၃ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)

ဇင်ကြီး

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ လာအိုနိုင်ငံတို့က အမေရိကန်နိုင်ငံကို တင်သွင်းတဲ့ ဆိုလာဆဲလ်နဲ့ ဆိုလာပြားများအပေါ် ဈေးနှိမ်ရောင်းချမှု တားဆီးခွန် (Anti-Dumping Duty) နဲ့ အစိုးရထောက်ပံ့ကြေး တန်ပြန်ခွန် (Countervailing Duty) နှုန်းထားများ မြင့်မားစွာ သတ်မှတ်လိုက်ကြောင်း အမေရိကန်ကုန်သွယ်ရေးဌာန တရားဝင်စာမျက်နှာမှ ဖော်ပြထားပါတယ်။

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာန ဖော်ပြထားမှုအရ အဆိုပါနိုင်ငံများမှ ဆိုလာထုတ်ကုန် ထုတ်လုပ်သူများသည် အမေရိကန်ဈေးကွက်အတွင်း မျှတသည့် တန်ဖိုးထက် နိမ့်သည့်ဈေးနှုန်းများဖြင့် ထုတ်ကုန်များ ရောင်းချခဲ့သည်။

ထို့အပြင် အစိုးရထောက်ပံ့ကြေးများ ရရှိခဲ့ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်ရာ အိန္ဒိယထုတ်လုပ်သူများအတွက် ဈေးနှိမ်ရောင်းချမှု တားဆီးခွန်နှုန်းကို ၁၂၃ ဒဿမ ၀၄ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားထုတ်လုပ်သူများအတွက် ၉၄ ဒဿမ ၃၆ ရာခိုင်နှုန်းနှင့် လာအိုထုတ်လုပ်သူများအတွက် ၆၅ ဒဿမ ၄၃ ရာခိုင်နှုန်း သတ်မှတ်ထားခဲ့သည်။

ထို့အပြင် အစိုးရထောက်ပံ့ကြေး တန်ပြန်ခွန်နှုန်းမှာ အိန္ဒိယထုတ်လုပ်သူများအတွက် ၁၂၆ ဒဿမ ၀၉ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားထုတ်လုပ်သူများအတွက် ၇၃ ဒဿမ ၂ ရာခိုင်နှုန်းမှ ၁၇၃ ဒဿမ ၇ ရာခိုင်နှုန်းအထိနှင့် လာအိုထုတ်လုပ်သူများအတွက် ၈၂ ဒဿမ ၀၃ ရာခိုင်နှုန်းမှ ၁၅၃ ဒဿမ ၆၇ ရာခိုင်နှုန်းအထိ သတ်မှတ်ထားသည်။

ယခုကုန်သွယ်ရေးစုံစမ်းစစ်ဆေးမှုကို အမေရိကန်ပြည်တွင်းရှိ ဆိုလာထုတ်လုပ်သူများ ပါဝင်သည့် Alliance for American Solar Manufacturing and Trade အဖွဲ့က တိုင်ကြားခဲ့ခြင်းဖြစ်ပြီး First Solar၊ Hanwha Qcells နှင့် Mission Solar Energy တို့ ပါဝင်သည်။

အဆိုပါကိစ္စနဲ့ ပတ်သက်၍ အမေရိကန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကော်မရှင် (USITC) က အဆိုပါနိုင်ငံများမှ တင်သွင်းသည့် ဆိုလာထုတ်ကုန်များကြောင့် အမေရိကန်ပြည်တွင်းလုပ်ငန်းများ ထိခိုက်နစ်နာမှု ဖြစ်ပေါ်ခဲ့ခြင်း သို့မဟုတ် ဖြစ်ပေါ်လာနိုင်ခြင်း ရှိ၊ မရှိကို အောက်တိုဘာ ၁၄ ရက်တွင် နောက်ဆုံးမဲခွဲဆုံးဖြတ်မည်ဖြစ်သည်။

#စီးပွားရေး

#အမေရိကန်က

#အိန္ဒိယ

#အင်ဒိုနီးရှား

#လာအို

#ဆိုလာထုတ်ကုန်များ

#အခွန်နှုန်းမြင့်မား

#ပြင်ဆင်သတ်မှတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin